Episode 27

196 26 0
                                    

《 ဇနီးသည် ၂ ဦး ထိပ်တိုက်တွေ့ကြခြင်း》

   မိုင် အိမ်ထဲကို လေတချွန်ချွန်နဲ့ ဝင်လာခဲ့သည် ။ အိမ်ထဲ ဝင်လိုက်တာနဲ့ မွှေးပျံ့နေတဲ့ ရနံ့က နှာခေါင်းကို တိုးဝှေ့လာတယ်။ မိုင် ဝယ်ယူလာတဲ့ ပစ္စည်းတွေကို မီးဖိုချောင်ကို ယူပြီး ဝင်သွားတယ်။ မနက်တုန်းက ဝတ်ထားတဲ့အတိုင်း ချွမ်ဟွားက ခဲရောင်အင်္ကျီနဲ့ အဖြူရောင် တီရှပ်ကို ဝတ်ထားဆဲ ဖြစ်သည်။ ကီအန်က စားပွဲမှာ ထိုင်ရင်း တောက်တိုမယ်ရတွေကို ကူညီပေးနေသည်။

"လေးလေး Congratulation 🎊 ။ ဒီနေ့ ရာထူးတိုးတယ် မလား။ ကျွန်တော် SHINNIA Website မှာ တွေ့လိုက်တယ် "

" ဒါပေါ့။ ဒီက လေးလေးက အဲတာကြောင့် အိမ်ကို ပြန်လာတာ နည်းနည်းနောက်ကျသွားတာ "

"မဟုတ်တာ ။ အမှန်ဆို လေးလေးက အဖွဲ့သားတွေနဲ့ အောင်ပွဲခံနေသင့်တာကို "

" မိသားစုလောက်တော့ အရေးကြီးပါ့မလား" 

" fofo ကျွန်တော် ညစာချက်တာ  ပြီးပြီ။ ရေသွားချိုးမယ် "

" Ok "

    ကီအန်ခေါင်းကို ဖွဖွပုတ်ပေးခဲ့ပြီးနောက်  မိုင် ချွမ်ဟွားနဲ့အတူ အိမ်ပေါ် တက်လာခဲ့သည်။ တနေကုန် အလုပ်တွေနဲ့ ပင်ပန်းနေခဲ့တာကြောင့်  ကုတင်ပေါ် ဆန့်ဆန့်ကြီး လှဲချလိုက်သည်။ ချွမ်ဟွားက သိတတ်တဲ့ ဇနီးလေးလို သူ့ရဲ့ လက်ဆွဲအိတ်ကို စားပွဲပေါ် တင်ပေးသည်။ မိုင်၏ ခြေအိတ်ကို ချွတ်ပေးပြီးနောက် မိုင် ဘေးနား ဝင်လှဲလိုက်သည်။

" ဒီနေ့ ပျော်လား "

"ဒါပေါ့ ။ ငါ ဒီနေရာကို ရောက်ဖို့ အကြာကြီးစောင့်နေခဲ့ရတာလေ။ ငါ့ရဲ့ အလှလေးကို အားတဲ့တစ်ရက်ကျရင် အချိန်ပေးဦးမယ် ။ မြို့ထဲ လျှောက်လည်ချင်လား "

" ကျွန်တော် သွားချင်တဲ့ နေရာတော့ ရှိတယ် ။"

"ဟုတ်ပြီ။ကိုယ် လိုက်ပို့ပေးမယ် "

" fofo ညနေစာ စားမှာလား "  ချွမ်ဟွားက  မိုင်အပေါ်ကို ခွတက်လာရင်း မေးသည်။

"အင်း ။ ကိုယ်  ထိုက်တိရှောင်းကနေ ကျောက်ပုစွန်အစပ်တွေဝယ်လာခဲ့တယ်။ ဝိုင် ကောင်းကောင်းလေးပါ ဝယ်လာတာ။ ဒီညတော့  ဒီတိုင်း အိပ်ရအောင် "

Tudo passaWhere stories live. Discover now