57
နောက်တစ်နေ့ ခပ်စောစောအချိန်တွင် မိုင်နိုးလာခဲ့သည်။သူသည် အခုတလော အကြောင်းအရင်းမရှိ စောစောနိုးနေတတ်ကာ အိပ်စက်ရသည်က ခက်ခဲလာသည်။ ညဆိုလျှင် ၁၀ နာရီကျော်သွားလျှင် တော်ရုံအိပ်မပျော်တော့ပေ။ မမေ့ညက ပင်ပန်းမှုကြောင့်သာ မဟုတ်လျှင် သူတစ်ယောက်ထဲ ကြောင်တောင်တောင်နဲ့ ဖြစ်နေရဦးမည်။ သူသည် ထရန်အနည်းငယ် ပြင်လိုက်သည်။
ချွမ်ဟွားသည် လူးလွန့်လာပြီး သူ့ခါးကို ဖက်တွယ်လာကာ သူ၏ ရှည်လျားသော ခြေထောက်များကို မိုင်အပေါ်တင်လာသည်။ ဆင်စားမကုန် ကျားစားမကုန်တဲ့ ခန္ဓာကိုယ်နဲ့ မိုင်အပေါ်တင်လာတာကြောင့် မိုင်သည် အိပ်ရာထဲတောင် နစ်သွားပြီဟု ခံသားရသည်။ သူသည် ချွမ်ဟွား၏ နောက်ကျောကို ပုတ်ပေးရင်း ဖယ်ပေးရင်း ပြောလိုက်ပေမဲ့ ချွမ်ဟွားက သူ့ကို မှောက်ရက်ဖြစ်အောင် လုပ်ကာ သူ၏ ခြေထောက်နှင့် မိုင့်ကို မရိုးမသား ပွတ်သပ်နေပြန်သည်။နှစ်ဦးစလုံးက အခုထိ အဝတ်မကပ်သေးတာကြောင့် အတော်လေးကို အရိုင်းဆန်နေသည်။
"မနက်စောစောစီးစီး ညစ်ညမ်းတာတွေ မလုပ်စမ်းနဲ့ "
" ဟုတ်ကဲ့ လောင်ယဲ့ "
"အရိုင်းအစိုင်းကောင်လေး " မိုင်လည်း ထဖို့ အနည်းငယ်ပျင်းရိနေတာကြောင့် သူသည် ဖုန်းကို ယူကာ ဆိုရှယ်မီဒီယာက အကြောင်းအရာအနည်းငယ်ကို အထက်အောက်လှန်ကြည့်လိုက်သည်။
ချွမ်ဟွား၏ လက်သည် အတော်လေးကို မရိုးမသားဖြစ်လာတာကြောင့် မိုင် အော်ငေါက်ပစ်လိုက်သည်။ ချွမ်ဟွားက ရယ်နေရင်း သူ့လက်ကို ပိုလို့တောင် အလုပ်လုပ်နေသေးသည်။
"ကောကော ဒီတက်တူးကို ထိုးထားတာ ကြာပြီလား" ချွမ်ဟွားသည် မိုင်၏ နောက်ကျောပေါ် သူ့ပါးနှင့် ကပ်ထားလျက် မိုင်၏ နောက်ကျောတည့်တည့်ကာ တက်တူးလေးကို လက်ဖဝါးဖြင့် ပွတ်နေရင်း မေးသည်။
သူသည် မိုင်၏ ဤတက်တူးအကြောင်းကို မည်မျှပင် မေးပါစေ။ မိုင်သည် တစ်ကြိမ်တစ်ခါမှ ဖြေဆိုခြင်း မရှိပေ။ မိုင်၏ နောက်ကျောတည့်တည့်က တက်တူးသည် တောင်တန်းတစ်ခု၏ နောက်တွင် လသာနေပုံ ဖြစ်ပြီး တိမ်များပတ်လည်ဝိုင်းထားသည်။ ထိုတောင်ကုန်း၏ အောက်ခြေတွင် အမြီးကိုးချောင်းပါသော မြေခွေးပုံရှိပြီး မီးခိုးလေးတွေ ဝေ့နေပုံနှင့် အတော်လေးကို လှပကာ လွမ်းဆွတ်ဖွယ်ကောင်းလေသည်။
YOU ARE READING
Tudo passa
FantasyName - Tudo passa Main Characters -Jack forrest (ချွမ်ဟွား) & မိုင်ဂင်္ဂါသန့် Version - Both Unicode and Zawgyi Version Chapter - 75 episodes + Quotes ကိုယ် ဒီနေ့ ဗုဒ္ဓဘုရားရ...