Episode 65

210 26 2
                                    

65

တီ တီ..   စားပွဲပေါ်၌ တင်ထားသော ဖုန်း၏ တုန်ခါသံတစ်ချို့သည် မနက်စောစောအချိန်၌ ထွက်ပေါ်နေသည်။ တိတ်ဆိတ်နေသော အခန်းအတွင်း၌ ဖုန်း၏ တုန်ခါသံသည် သိသာစွာ ထွက်ပေါ်နေသော်လည်း အဖြူရောင်စောင်ပုံသည် ငြိမ်သက်စွာ ရှိနေဆဲ ဖြစ်သည်။ ဖုန်းသည် ကြာမြင့်စွာ မြည်ပြီးနောက် တစ်ဖန် ငြိမ်သွားသည်။ ပြီးနောက် နောက်တစ်ကြိမ် ထပ်မံ​မြည်လာသောအခါ စောင်ပုံကြားထဲက လူးလွန့်လှုပ်ရှားလာပြီး အဆိုပါဖုန်းကို လှမ်းယူလိုက်သည်။ သို့သော်လည်း အစွန်တွင် တင်ထားတာကြောင့် ယူလိုက်သောအခါ ဖုန်းသည် ကြမ်းပြင်သို့ ပြုတ်ကျသွားသည်။

"ချွမ်ဟွား ငါ့ကို ခဏလွှတ်ဦး ၊ ဖုန်းလာနေလို့ "

     မိုင်သည် သူ၏ ခါးကို ဖက်တွယ်ထားသော ချွမ်ဟွား၏ လက်ကို ရိုက်ရင်း ပြောလိုက်သည်။ ချွမ်ဟွားသည် ဆံပင်စုတ်ဖွားဖြင့် ထထိုင်နေကာ ကြမ်းပြင်ပေါ် ကျနေသော မိုင်၏ ဖုန်းကို ကောက်ယူကာ မိုင်ကို ပေးလိုက်သည်။ "morning " ဟု ဆိုကာ မိုင်၏ နဖူးကို တစ်ချက်နမ်းလိုက်သည်။ ပြီးနောက် ရေချိုးခန်းထဲ ဝင်သွားသည်။ မိုင်သည် အလိုက်သင့်တုန့်ပြန်ပေးပြီးနောက်online ဖုန်းခေါ်ဆိုမှုကို ပြန်‌ဖြေလိုက်သည်။

"‌ ခွန်သူရသိန်းမြင့် ၊စောစောစီးစီး ဘာကိစ္စပြောမလို့လဲ "
မိုင်သည် အခန်းအတွင်း အလင်းအရောင်ရစေရန် ပြတင်းပေါက်၏ လိုက်ကာကို ဆွဲဖွင့်ရင်း မေးလိုက်သည်။

"ငါ လက်ထပ်တော့မယ် "

"ဘာကြီး? " မိုင်သည် ဖုန်းကို သေချာမြင်ရစေရန် အလင်းရောင်နားကို ရွှေ့ရင်း မေးသည်။

"ငါ လက်ထပ်တော့မယ်လို့ "

"April fool လုပ်နေတာလား? မင်း မနက်စောစော သောက်ထားတာလား? "

" မိုင်ဂင်္ဂါသန့် ငါ အတည်ပြောနေတာ ၊ ဒီအပတ်ရဲ့ နောက်ဆုံးရက်က ရက်ကောင်းရက်မြတ်ပဲ၊ ငါ လက်ထပ်ဖို့ ဆုဲးဖြတ်လိုက်ပြီ၊ အဲတာကြောင့် မင်းကို ပြောတာ"

   မိုင်သည် အိပ်ချက်နေဆဲဖြစ်သော သူ၏ ခေါင်းကို ကြည်လင်စေရန် ရေတစ်ခွက်သောက်လိုက်သည်။

Tudo passaWhere stories live. Discover now