Episode 53

194 26 2
                                    

 
《 အိမ်အသစ်ကလေး 🏡  》

​    မိုင်သည်  ဆေးလိပ်ကိုသာ ကုန်အောင် ဖွာနေရင်း ပင်လယ်ပြင်ကို ငေးမောနေသည်။ သူ၏ မျက်လုံးအစုံသည် နီရဲနေစေကာမူ သူသည် ဆေးလိပ်ကုန်သည်အထိ ဆက်သောက်နေခဲ့သည်။ ပြီးနောက် သူသည် သက်ပြင်းချသည်။

"အဲနောက်တော့ ငါ ရန်ကုန်ပြန်လာခဲ့တယ်။ ချန်းကွမ်းမှာ အလုပ်ဝင်လုပ်တယ်။ သုံးလလောက်ကြာတော့ ငါ ညစာစားပွဲတစ်ခုမှာ မူးအောင် သောက်မိသွားတဲ့ အကျိုးက ငါ အိမ်ထောင်ကျသွားတာပဲ "

" fofo နဲ့ fofo ဇနီးသည်က မချစ်ကြဘူးပေါ့ "

" ငါ သူမကိုတောင် သေသေချာချာမသိခဲ့ပါဘူး။ ငါက အမြဲတမ်း ကိစ္စတော်တော်များများ နဲ့ ရှုပ်နေခဲ့တာ။ သူမနဲ့ အိပ်မိသွားတယ်လို့ ‌  ပြောပေမဲ့ အဲနေ့က ငါအရမ်းမူးနေခဲ့တာ။ ငါ ပြန်ငြင်းချင်ခဲ့ပေမဲ့ သူမရဲ့ မိဘတွေပါ ပါလာတော့ ငါလည်း လက်ထပ်လိုက်တယ်။ အနည်းဆုံးတော့ ငါလည်း ဘဝလက်တွဲဖော်တစ်ယောက်ရတာပဲ ဆိုပြီးတော့ပေါ့ "

" လက်ထပ်ပြီးတော့မှ ပြသနာတွေ စတာပဲ။ သူမက အိမ်မှာ ခြေမွှေးမီးမလောင် လက်မွှေးမီးမလောင် နေခဲ့ရတာဆိုပဲ။ ငါ တခြားသူတွေကို အပြစ်မတင်ချင်ဘူး။အဲတာက အရေးမပါတဲ့ ကိစ္စဖြစ်ပြီး  အချိန်ကုန်တယ်လို့ ငါသတ်မှတ်ထားခဲ့လို့ပဲ ဖြစ်တယ်။ ဒါပေမဲ့ အသက်ရှင်နေတဲ့ လူတစ်ယောက်အနေနဲ့ တခြားသူတွေရဲ့ ကိစ္စကို ကူညီမပေးနိုင်ရင်တောင် ကိုယ့်ကိစ္စကိုတော့ ကိုယ်လုပ်သင့်တယ် ထင်တာပဲလေ "

" fofo တို့ ဘာဖြစ်ကြလို့လဲ "

"သူမက ချက်ပြုတ်မတတ်တဲ့ အပြင်  သူမရဲ့ တစ်ကိုယ်ရေ ကိစ္စတွေကိုတောင် မလုပ်တတ်ဘူးလေ။ ငါ သူမကို အိမ်မှု ကိစ္စကျေပွန်ရမယ်လို့ မဆိုလိုဘူး။ သူမ တစ်ယောက်ထဲ အိမ်မှာနေတဲ့အခါ ကိုယ်ဘာသာ ရှင်သန်တတ်တာမျိုးကို လိုချင်ခဲ့တာ ။ ငါ့ရဲ့ အမှုကိစ္စတွေကိုလည်း ငါ့ဘာသာပဲ လုပ်တာပါ။ငါပဲ အရမ်း‌လောဘကြီးမိသွားသလား မသိပါဘူး"

"fofo မမှားပါဘူး"

" သူမက သူမ မချက်ပြုတ်တတ်တဲ့ အကြောင်းကိုတောင် ဂုဏ်ယူဝင့်ကြွားစွာ ပြောနေခဲ့တာ။ ငါ အမုန်းဆုံးလူတွေထဲမှ မချက်ပြုတ်တတ်တဲ့ လူတွေပါတယ် ။ သူတို့က ကိုယ်ဗိုက်ထဲ ထည့်မယ့်အရာကိုတောင် မလုပ်တတ်ဘူးလေ။ အိမ်တော်က  မိုးကျ‌ေရွှကိုယ် သခင်လေးတွေကိုတော့ ငါမဆိုလိုပါဘူး "

Tudo passaWhere stories live. Discover now