Episode 17 🚀

469 34 2
                                    

[လန်ယွီကျွန်းတွင်ခရီးသွားမြှင့်တင်ရေးပရိုဂရမ်ကို သွားရောက်ရိုက်ကူးခြင်း]

ရိုက်ကူးရေးတွေပြီးတော့ တစ်ရက်ကျန်နေသေး၍ ယွီကျိုးတို့ ငါးယောက်က ကျွန်းပေါ် ဆိုင်ကယ်ပတ်စီးနေကြသည်။ နေပူလောင်မှာကိုလည်း ဂရုတောင် မစိုက်ဘဲ ရေထဲ ဆင်းပြေးနေကြတာကြောင့် Stylish တွေခမျာ ခေါင်းမီးတောက်နေကြသည်။ သို့ရာတွင် ထို စတိုင်လစ်တွေထဲမှာ Ani တော့ မပါပေ။ နွေရာသီအားလပ်ရက်ခရီးထွက်လာသည့်အလား ဒါကိုတာနဲ့ အတူဒေသခံတွေနဲ့ အာလူးဖုတ်(စကားများ) နေကြသည်။ ကလေးတွေက လိမ္မာကြတာကြောင့် မိုင်စိတ်တော့ မပူပန်ရပါ။ ယွီကျိုးတို့ ရေဆော့နေသည့်နေရာက မိုင်ရဲ့ တည်းခိုဆောင်နဲ့ သိပ်မဝေးတာကြောင့် မိုင် တည်းခိုဆောင် ပြန်လာခဲ့သည်။ ချွမ်ဟွားကတော့ အခန်းထောင့်မှာ Laptop တစ်လုံးနဲ့ အလုပ်ရှုပ်နေသည်။

" ချွမ်ဟွား ရေသွားမဆော့ဘူးလား "

"ကျွန်တော် ရေမကြိုက်ဘူး "

" တကယ်၊ မင်း ငယ်ငယ်က ပင်လယ်တွေမသွားဘူးလား"

"ဟုတ်၊ ကျွန်တော် မသွားဖူးဘူး"

"အဲတာဆို ညနေကျ ကော လိုက်ပို့ပေးမယ် ၊ မင်း ပင်လယ်ကို ကြိုက်လောက်မှာပါ။ ကျွန်းပေါ်လာပြီး အခန်းတွင်းပဲ နေနေရတာ ပျင်းစရာကြီးလေ "

" ကော ကျွန်တော့်အနားလာထိုင် "

ချွမ်ဟွားက ဆိုဖာထောင့်ဖက်ကို ကပ်ထိုင်ရင်း မိုင့်ကို သူ့ဘေးနားလာထိုင်ခိုင်းသည်။

" ချွမ်ဟွား အလုပ်လုပ်နေတာလား "

မိုင် မေးသာမေးသည်။ ချွမ်ဟွားရဲ့ အလုပ်ကို သူနားမလည်ပေ။ အမြဲတမ်း ကွန်ပျူတာနဲ့ တခြားသော ဆက်သွယ်ရေးပစ္စည်းတွေကြား တတောက်တောက်နဲ့ သူ နားမလည်နိုင်ပေ။မိုင်ရဲ့အလုပ်က လက်တွေ့ကျပြီး လူမှုဆက်ဆံရေးကောင်းကာ အကဲဖြတ်စွမ်းရည်တော်လည်း အလုပ်ဖြစ်သည်။ စက်ပစ္စည်းတွေနဲ့ ပတ်သက်ရင် Mail ပို့၊စာတမ်းရေးတာနဲ့ တခြားသော အချိန်ဇယားတွေ လုပ်ဖို့လောက်သာသူတတ်သည်။ အခုလည်း ချွမ်ဟွားရဲ့ laptop screen ကို သူထိုင်ကြည့်နေပေမဲ့ သူနားမလည်တဲ့ code နံပါတ်တွေနဲ့ system တွေ အကြောင်းတွေချည်းသားဖြစ်သည်။

Tudo passaWhere stories live. Discover now