《အမလေး ငါ့အိမ်ရှေ့မှာ လူသေကြီး ရောက်နေတာလား!!》
" လခွမ်းပဲကွာ ၊ အေးလိုက်တာ သေမတတ်ဘဲ "
မနက် ၃ နာရီအချိန်အရိုးကွဲမတတ်အေးခဲလှသော ပေကျင်းမြို့၏ မြို့တော်လမ်းမ ပလက်ဖောင်းပေါ် ၌ အသက်လတ်ပိုင်းအမျိုးသားတစ်ဦးသည် အေးခဲနေမှုကို အံတုလျက် အိမ်ပြန်ရန် ကြိုးစားနေသည်။ ထိုသူသည် ပေကျင်း၏ အထင်ကရ ကုမ္ပဏီဖြစ်သော SHINNIA မှ အငယ်တန်းမန်နေဂျာလေးဖြစ်သော မိုင်ဂင်္ဂါသန့်ဖြစ်သည်။ မိုင်ဂင်္ဂါသန့်သည် ကုတ်အင်္ကျီထူထူကို ဝတ်ဆင်လျက် အေးခဲလွန်းလှ၍ တုန်ရီနေကာ အိမ်ကို အမြန်ပြန်ရဖို့ ကြိုးစားနေသည်။ သူသည် ညနေ ၆ နာရီ အလုပ်ကနေဆင်းကာ လုပ်ဖော်ကိုင်ဖက်များနှင့် လိုက်သောက်ဖြစ်သည်။ သူက နဂိုထဲက အရက်သောက်ရတာကို သိပ်ခုံမင်လှသည်တော့ မဟုတ်တာကြောင့် အနည်းငယ်ပဲ သောက်ဖြစ်သည်။
အကြီးတန်းမန်နေဂျာမှ အသစ်ထွက်ရှိတဲ့ ပရိုဂရမ်အသစ်ကို အောင်မြင်စွာ ပြီးမြောက်အောင် ဆောင်ရွက်ပြီးသောကြောင့် အဖွဲ့သားများကို လိုက်လံကျွေးမွေးခြင်းဖြစ်သည်။ စားသောက်ရင်း ည ၉ နာရီကျော်တော့ မိုင်ဂင်္ဂါသန့်က အိမ်ပြန်ချင်လာသည်။ အဲအချိန်မှာ မိုင်ဂင်္ဂါသန့်က ပြန်ဖို့ပြင်တော့ ပရိုဂရမ်က မင်းသားငယ်ငယ်လေးတစ်ယောက်နဲ့ အရံကောင်လေးက သူတို့ကို အိမ်ပြန်ပို့ပေးဖို့ ပြောသည်။ မိုင်ဂင်္ဂါသန့်က လစာ $3000 (4,921,923 ) ရသောကြောင့် တစ်ယောက်ထဲသမားလည်း ဖြစ်နေပြန်သောကြောင့် အတော်လေး သုံးနိုင်တဲ့ သူဖြစ်သည်။ သို့ပေမဲ့ နိုင်ငံသားအစစ်မဟုတ်သောကြောင့် သူ့မှာ ကားတော့ ဝယ်နိုင်ခြင်း မရှိပေ။ ကောင်လေး ၂ယောက်ကို ပြောပေမဲ့ အတင်းခေါ်နေတာကြောင့် မိုင်ဂင်္ဂါသန့်က လိုက်လာခဲ့သည်။
ပြောရမယ်ဆို ထိုကောင်လေး ၂ယောက်က အတော်လေးကို ချောသည်။ မိုင်ဂင်္ဂါသန့်က လက်ရှိကောင်လေးတစ်ယောက်နဲ့ တွဲနေပေမဲ့ တစ်ခါတရံတွင်တော့ အီစီကလီလုပ်ရတာမျိုးကို ကြိုက်သည်။ ကောင်လေး ၂ယောက်နဲ့ ရိသဲ့သဲ့ပြောဆိုနေရင်း သူတို့နေတဲ့ အဆောက်အအုံရှေ့ရောက်တော့ ကောင်လေး ၂ယောက်က သူ့ကို threesome ဖို့ ပြောသည်။ ( threesome ကို ယူတို့သိလောက်မှာပါ) ။ မိုင်ဂင်္ဂါသန့်က ဥပုသ်စောင့်တတ်တဲ့ သူမျိုးတော့ မဟုတ်။ ကမ္ပဏီက အငယ်လေးတွေနဲ့ နည်းနည်းပါးပါးတော့ စားဖူးသည်။ သို့ပေမဲ့ သူက သေသေသပ်သပ်လေး နေတာကြောင့် နာမည်တော့ မထွက်ပေ။ ဟိုကောင်လေးတွေက အတင်းခေါ်နေတော့လည်း မိုင်လည်း အဟမ်း ပြောရမယ်ဆို သရီးဆမ်းကြတာပေါ့။

YOU ARE READING
Tudo passa
FantasyName - Tudo passa Main Characters -Jack forrest (ချွမ်ဟွား) & မိုင်ဂင်္ဂါသန့် Version - Both Unicode and Zawgyi Version Chapter - 75 episodes + Quotes ကိုယ် ဒီနေ့ ဗုဒ္ဓဘုရားရ...