Episode 14

333 41 6
                                    

《 အဲလူက တကယ့်ကို မျက်နှာ ၂ ဖက်နဲ့လူပဲ  》

🏛️🏛️🏛️

မိုင်သည် ချွမ်ဟွား၏ လှပသော စံအိမ်တော်ထက်၌ ပျော်ရွှင်စွာ အနားယူနေသည် ။ မိုင်၏ ဆန္ဒသည် တစ်နေ့တွင် အိမ်ကောင်းကောင်းတစ်လုံးကို ဝယ်ယူလိုသည်။ အကြောင်းမသင့်လှစွာပင် သူသည် အလယ်အလတ်တန်း အိမ်တစ်လုံးကိုသာ ငှါးရမ်းနိုင်ခဲ့သည်။ အိစက်နေတဲ့ ကုတင်နဲ့ ဖြူလွလွမျက်နှာကြက်တို့ကြောင့် မိုင် အိပ်ရာပေါ်မှာပဲ ငြိမ်ငြိမ်လေး လှဲလျောင်းနေမိသည်။ နူးညံ့လွန်း၍ တိမ်တွေပေါ်ကို ရောက်နေသည်ဟုပင် ထင်ရသည်။ ချွမ်ဟွားက အလုပ်ကိစ္စဖြင့် အပြင်ထွက်သွားသည်။ ထိုစဥ် အခန်းတံခါးခေါက်သံကြားရ၍ မိုင် ဝင်လာခိုင်းလိုက်သည်။

" အစ်ကိုလေးအတွက် ဆန်ပြုတ်လာပို့တာပါ ။ တခြားလိုအပ်တာ ရှိသေးရင်လည်း ယောင်ဝမ်ကို ခိုင်းလို့ရပါတယ် "

မိုင်က ကုတင်ပေါ် လဲလျောင်းနေရာမှ ထထိုင်လိုက်သည်။ဆန်ပြုတ်လာပို့သော ကောင်လေးမှာ ဆယ်ကျော်သက်ကလေးလေးသာ ရှိသေး၍ ချွမ်ဟွားနဲ့ မည်သို့ပတ်သက်ကြောင်းကို မိုင် သိချင်သေးသည်။

" နာမည်က ယောင်ဝမ်လား "

"ဟုတ်ကဲ့ လျိုယောင်ဝမ်ပါ "

" ကော နာမည်က မိုင်ဂင်္ဂါသန့်လေ။ ဒါနဲ့ ချွမ်ဟွားနဲ့ အမျိုးတော်တာလား "

"ချွမ်ဟွားး ? "

"အေးလေ ဒီအိမ်က ချွမ်ဟွားရဲ့အိမ် မဟုတ်ဘူးလား"

" Boss ကို ပြောတာ ဖြစ်မယ်။ "

"ချွမ်ဟွားရဲ့ အမျိုးလားလို့ "

"မဟုတ်ပါဘူး။ ကျွန်တော်က ဒီတိုင်း ဘန်နဲ့အတူ လာနေတာပါ "

"အော် ။ ဆန်ပြုတ်က အတော်လေး ကောင်းတာပဲ။ မင်းချက်ထားတာလား "

"ဟုတ်ကဲ့ "

"မင်း ကျောင်းမတက်ဘူးလား "

" ဟုတ်ကဲ့ "

"ငယ်ငယ်လေးပဲ ရှိသေးတာပဲ ။ ဘာပဲဖြစ်ဖြစ်ကွာ ကျောင်းတော့ ဆက်တက်သင့်တာကို ။ သေချာလေးတွေးပြီးတော့ ကျောင်းဆက်တက် "

Tudo passaWhere stories live. Discover now