《 ငါလူးမှတဲ့။ ဘာလို့ သောက်ကလေးတွေက ငါ့အပေါ်တက်ချင်နေရတာလဲ 》
မိုင်နဲ့ ချွမ်ဟွားတို့သည် ချိုင်ဟောင်၏ အိမ်ကိုရောက်သည့် ညနေခင်းတွင် သူတို့ ၂ယောက် ခရီးပင်ပန်းနေတာကြောင့် ထွေထွေထူးထူး မလုပ်ပဲ အိမ်တွင်းသက်သက်သာသာ အလုပ်တွေကိုသာ ကူညီပေးခဲ့တယ်။ ချွမ်ဟွားက လယ်ထဲက အဒေါ်ကြီးတွေနဲ့ အတော်လေးအဆင်ပြေနေကြပြီး ချွမ်ဟွားလို လှပတဲ့ မြို့ကြီးသားတစ်ယောက်နဲ့ ရင်းနှီးရတာကြောင့် သူတို့ခမျာ ရှက်သွေးတောင် ဖြာနေကြသည်။ သူတို့တစ်တွေ အိမ်နောက်ဖေးမှာ တသီတတန်းကြီး အလုပ်လုပ်နေချိန်မှာ မိုင်က ချိုင်ဟောင်နဲ့အတူ လယ်ကွင်းတွေဖက်ထွက်လာခဲ့သည်။ မိုးရေများနေတာကြောင့် ရေကျော်နေပေမဲ့ လယ်ကန်သင်းတွေပေါ်ကနေ လမ်းလျှောက်၍ ရသေးသည်။ ရေကန်ဘေး ငါးထိုင်မျှားရင်း ဆွေးနွေးဖြစ်ကြသည်။
ချိုင်ဟောင်က အမြော်အမြင်ရှိလှတဲ့သူဖြစ်တာကြောင့် မိုင်ပြောတာကို အလွယ်တကူ နားလည်တယ်။ သို့ပေမဲ့ ဒီဖက်က မြေယာပိုင်ဆိုင်မှုတွေက အစိုးရလက်အောက်ကဖြစ်နေပြီး စီမံကိန်းတွေအတွက်ဆို ခွင့်ပြုချက်ရအောင် စောင့်ရတာ နှစ်ချီကြာနိုင်တယ်။ အစိုးရက လယ်မြေတွေက ရောင်းချဖို့ အလွယ်တကူလုပ်မှာ မဟုတ်ဘူး။လုပ်ခဲ့ရင်တောင်မှ လိုချင်တဲ့ လုပ်ငန်းစုတွေက နည်းမှာ မဟုတ်ဘူး။ ဟျူဂိုဆီကနေ မိုင်က စီမံကိန်းတွေအတွက် လုပ်ငန်းတော်တော်များများကို ကြည့်ရပြီး ဖြစ်တယ်။ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေအတွက်ဆို စည်ပင်သာယာက ဒီနယ်မြေတွေကို ထိန်းချုပ်ထားပြန်တယ်။ အတော်လေး အဆင်မပြေလှပေမဲ့ ချိုင်ဟောင်က မြေရိုင်းတွေကို ဈေးသက်သက်သာသာနဲ့ ရနိုင်မယ့် နေရာတွေကို ညွှန်ပြတယ်။
မြို့ပြင်က မြေရိုင်းတွေကို ဈေးနှိမ်ဝယ်ယူဖို့ တွေးထားပြီးသားဖြစ်တာကြောင့် ဟျူဂိုနဲ့ ထပ်တိုင်ပင်ဦးမည်။ ချိုင်ဟောင်နဲ့ အဆိုပါ မြေရိုင်းတွေကို ဝယ်ယူဖို့ အားလပ်တဲ့ တစ်ရက်မှ ထပ်တွေ့မည်ဟု ချိန်းဆိုလိုက်ကြသည်။ ၂ကီလိုလောက်ရှိတဲ့ ငါးအကြီး ၄ ကောင် လောက်ရတဲ့အချိန်မှာ မိုင်နဲ့ ချိုင်ဟောင်တို့ ပြန်လာခဲ့သည် ။ နွေရာသီမို့ ရေကန်နားက ဘန်ဂလိုကဲ့သို့သော အိမ်ဆောင်မှာ မိုင်နဲ့ ချွမ်ဟွားကို ချိုင်ဟောင်က နေရာချပေးသည်။မိုင်က နှစ်လမ်းသွားဆိုတာ ချိုင်ဟောင်က သိနေတာကြောင့် အထူးတလည် ရှက်စရာတော့ မဟုတ်ပေ။ မနက်ဖြန်နေသာမှ ရေကန်မှာ လှေထွက်စီးရင်း ပျော်စရာရှာကြဟု ချိုင်ဟောင်က စနောက်နေသးသည်။
YOU ARE READING
Tudo passa
FantasyName - Tudo passa Main Characters -Jack forrest (ချွမ်ဟွား) & မိုင်ဂင်္ဂါသန့် Version - Both Unicode and Zawgyi Version Chapter - 75 episodes + Quotes ကိုယ် ဒီနေ့ ဗုဒ္ဓဘုရားရ...