အပိုင်း -၂

11.9K 696 0
                                    


ပဲခူး အမှတ်(1) အ.ထ.က ကျောင်းဝန်းတွင်ဖြစ်သည်။

ကျောင်းသားကျောင်းသူများ၏ မျက်လုံးက စိန်ပန်းပင်ကြီးအောက်ရှိ ခုံတန်းလေးတွင်သာ ဝေ့ဝဲနေ၏။

ကျောင်းသားများအကြည့်စုစုံရာ ခုံတန်းတွင်တော့
ဒိန်ချဉ်ဗူးကိုယ်စီကိုင်ကာ ရယ်မောနေသော သူငယ်ချင်းသုံးဦး ရှိနေပါလေသည်။

အတိအကျဆိုရပါလျှင် ခပ်ချောချော ကောင်လေးနှစ်ဦးနှင့် ချစ်စဖွယ်ကောင်မလေးတစ်ဦး။

ထိုသုံးယောက်သည် တစ်ယောက်တစ်မျိုးစီ ရုပ်ရည်ချောမောကြသည့်အပြင် ဉာဏ်အလွန်ထက်ကြသည်ဟုလည်း အတော်လေးနာမည်ကြီးလှ၏။

ငယ်စဉ်ကတည်းက တတွဲတွဲရှိနေကြသည့် ထိုသူငယ်ချင်းသုံးဦးသည် မောင်နှမဝမ်းကွဲစီလည်း တော်စပ်ကြသေးရာ ရင်းနှီးမှုမှာ ဆိုဖွယ်မရှိ။

တစ်ယောက်ကိုတစ်ယောက် စနောက်ကာ တစ်ချက်တစ်ချက် ထွက်ပေါ်လာသော ရယ်သံသဲ့သဲ့က ထိုသုံးဦးအကြား၌ လွင့်ပျံ့ထွက်လာတတ်သေး၏။

ထိုသုံးယောက်အနက် အပေါ်လွင်ဆုံးက ညာဘက်အစွန်မှ ကောင်လေးပင်...

သူ့အမည်က ရာသက်ပန်
အသက် 15 နှစ်ဖြစ်ပြီး အသားဖြူဝင်းသည့်အပြင် ကိုးတန်းအရွယ်နှင့် 6ပေနီးနီး အရပ်ကြီးကြောင့် လူတကာငေးခံရသူ...

အဝေးကပင်ထင်းနေသည့် ရာရာ့မျက်ခုံးတန်းတို့က ထူထဲကာ မဲနက်နေ၏။

စူးရှသည့်မျက်ဆံနက်နက်တို့က ထက်မြက်သည့်အသွင်ကို ဖော်ဆောင်သည်။

ချွန်ယောင်ယောင်နှာတံလေးကလည်း V shape သဏ္ဍာန် ခပ်သွယ်သွယ်မျက်နှာကျနှင့် လိုက်ဖက်လွန်းစွာ...

ရာရာ့နှုတ်ခမ်းတို့က ထူထူပြည့်ပြည့်လေးဖြစ်ပြီး စိမ်းဖန့်ဖန့် နှုတ်ခမ်းမွေးအချို့က ရေးရေးလေးမျှထင်နေသော်လည်း ကြည့်ရဆိုးမနေပါ။

နှုတ်ခမ်း၏ ညာဘက်အပေါ်ထောင့်လေးတွင်လည်း မှဲ့နီနီလေးတစ်လုံးရှိနေပြီး ရယ်လိုက်တိုင်း ကော့တက်သွားသည့် ထိုမှဲ့နီလေးက ဆွဲဆောင်မှုတစ်မျိုး ရှိနေစေသည်။

နက်မှောင်သည့်ဆံပင်တို့ကို နဖူးပေါ်လှန်တင်ထားသည်မို့ ချောမောသည့်မျက်နှာလေးက ရှင်းရှင်းလင်းလင်းလေးဖြစ်နေ၏။

Cupid's Compass (Completed )Where stories live. Discover now