" ကဲ ဒီမှာပါဗျာ စိတ်ကြိုက်ကြည့်"
အရိပ်က အယ်လ်ဘမ်လိုက် လွင်ပြင့်ရှေ့ဆီချပေးရင်း ဆိုလာ၏။
လွင်ပြင်အယ်လ်ဘမ်တစ်ခုကို ဖွင့်ကြည့်လိုက်တော့ အရိပ်ငယ်စဉ် မွေးကင်းစမှစ၍ အရွယ်ရောက်ချိန်အထိ အဆင့်ဆင့်ကြီးပြင်းလာပုံများက ဓာတ်ပုံထဲ၌မှတ်တမ်းတင်ထားသည်ကို တွေ့လိုက်ရ၏။
အနှီးထုပ်ထဲတွင် ပြုံးရယ်နေသော ရက်သားငယ်လေး၊ ထိုမှတစ်ဆင့် ထိုင်နေသော လသားငယ် အရွယ်ကလေး၊ ကလေးတွန်းလှည်းထဲ၌ မတ်တတ်ရပ်ရန်ကြိုးစားနေသည့်ကလေး၊ မတ်တတ်တွေရပ်နိုင်သည့်ကလေး၊ ထိုမှ ပြေးလွှားနေသည့် ကလေး၊
ကျောင်းဝတ်စုံနှင့်ကလေးပေါက်စ၊
ဆုတံဆိပ်များပိုက်ကာ ပြုံးရယ်နေသည့်ကလေးအားလုံးက အရိပ်ငယ်စဉ် ပုံရိပ်များဖြစ်ကြောင်း ငြင်းချက်ထုတ်ရန်ပင်မလို...
မျက်နှာလေးက နုနယ်နေသော်လည်း မျက်လုံး၊ မျက်ခုံးတို့က ယခုပုံအတိုင်းပင်မို့ ပိဘိအရိပ်ပေါက်စလေး။
" ဒါ ကိုကိုပေါ့ တကယ်ချစ်စရာလေးနော် ဟီး အသည်းယားလိုက်တာ မွ..."
မျက်လုံးဝိုင်းဝိုင်း၊ နှုတ်ခမ်းဟစိစိလေးနှင့် ကလေးပေါက်စက အူယားစရာလေးမို့ albumထဲမှ ပုံလေးကို လွင်ပြင် နမ်းရှုံ့ပစ်လိုက်မိသည်။
နဂိုကတည်းက ကလေးချစ်တတ်သည့်လွင်ပြင်အတွက် ကိုကိုငယ်ငယ်ကပုံလေးများက ဆွဲဖက်နမ်းချင်စရာလေးဖြစ်နေတော့၏။
" ဟေ့ဟေ့ ပြန်ပေး ပြန်ပေး "
" ဟာ ကိုကို ဘာလုပ်တာလဲ "
အရိပ်က အယ်လ်ဘမ်ကိုပြန်ယူဖို့ပြင်လိုက်တာကြောင့် လွင်ပြင်မနည်းပြန်လုယူလိုက်ရ၏။
အရိပ်မျက်နှာကြီးကလည်း သုန်မှုန်နေကာ မျက်ခုံးနှစ်ခုကိုလည်း ထိစပ်လုနီးပါး စုကျုံ့ထားရင်းမှ
" မနမ်းနဲ့ "
" ဟင်..."
" မနမ်းနဲ့လို့..."
အရိပ်ပုံစံကို ကြည့်ရင်း လွင်ပြင်ရယ်ချင်လာ၏။
ဘာလဲ...ဒါက ကိုယ့်ပုံကို ပြန်သဝန်တိုနေတာလား...
DU LIEST GERADE
Cupid's Compass (Completed )
RomantikCover- edited from Google Start Date - 22.2.22 End Date- 31.12.22 အချစ်ပါ... ဖို, မပဲဆိုငင်ပြီး ဖို, ဖိုချင်း မ,မချင်း တွန်းကန်ရအောင် သံလိုက်မဟုတ်ဘူး ရူပဗေဒ သဘောတရားတွေနဲ့ ကန့်သတ်နေရအောင် Loveက magnetမှမဟုတ်တာ အချစ်လား ရေလို ထည့်တဲ့ပုံစံခွက်အတိုင်း...