အပိုင်း- ၄၁

3.2K 163 6
                                        


စာသင်ခန်းအတွင်း လှုပ်လှုပ်ရွရွဖြင့် ထိုင်နေသည့် ဆံပင်လိမ်ကောက်ကောက်နှင့်ကောင်ငယ်လေးတစ်ဦး

လက်ထဲမှလည်း contactတစ်ခုကို အဆက်မပြတ်ခေါ်ဆိုနေပုံရသော်လည်း ဖြေသူမရှိသည့်ဖုန်းလေးက ခဏခဏကျသွားဆဲ...

ဖြေသူမဲ့ဖုန်းကို အကြိမ်ကြိမ်ခေါ်ဆိုနေသည့်တိုင် မည်သို့မှ အကြောင်းထူးမလာချေ။

အရိပ်! မင်း ဘာလုပ်နေတာလဲ
ဖုန်းလည်းမကိုင်၊ စာလည်းမပိုနဲ့ကွာ

လမ်းမှာများ တစ်ခုခုဖြစ်နေတာလား
ငါ့ကိုအရေးမထားလို့ လျစ်လျူရှုနေသလား

တွဲလာတာကြာပြီမို့ စိတ်ကုန်ချင်လာလေသလား

ချစ်သူသက်တမ်းကြာလာသည့်တိုင် အနမ်းတို့က လက်ချိုးရေ၍ရနိုင်သည်အထိ စောင့်ထိန်းနိုင်သူက တန်ဖိုးထား၍မဟုတ်ဘဲ အမှန်တကယ် မချစ်ခဲ့တာကြောင့်လား

စိတ်ပူခြင်း၊ ဒေါသထွက်ခြင်းတို့ဖြင့် လွင်ပြင်တစ်ယောက်တည်း ပြာယာခတ်နေမိလျှက်...

ခပ်တွဲတွဲနှုတ်ခမ်းလေးကို ဖိကိုက်လိုက်၊ တစ်ချက်တစ်ချက် အခန်းဝင်ပေါက်ဆီ ပေစောင်းစောင်းလေးကြည့်လိုက်ဖြင့် အတော်လေးအလုပ်များနေပြီးမှ မျက်ဝန်းလေးများက အရောင်ဖျော့ကျသွားကာ စာသင်ခုံပေါ် မှောက်ကျသွား၏။

မကိုင်သည့် ဖုန်းကောလ်လေးတစ်ခုက သူ့နှလုံးသားကို မဟူရာချောက်နက်ကြီးထဲ ထိုးကျသွားစေသည်အထိ ပြင်းထန်ပါလေသည်။

သူ့ဘက်ကသာ သူ့ဘက်ကပဲ အလွန်အမင်း တွယ်ကပ်နေမိတာလား

ဒါမှမဟုတ် မဆွတ်ခင်ကတည်းက ညွတ်ချင်မိတာကြောင့် အဖြေကိုလွယ်လင့်တကူပေးခဲ့မိတာကြောင့် တန်ဖိုးမဲ့နေလေသလား

ဝမ်းနည်းမှုကြောင့် မျက်ဝန်းတို့က စိုလက်သွားရကာ ငုံ့ကျနေသည့် ပါးပြင်မှတစ်ဆင့် ဒူးခေါင်းပေါ် မိုးရေစက်များနှယ် တစ်ပေါက်ချင်း လိမ့်ဆင်းကျလာရင်း...

ခဏကြာမှ လက်ထဲမှဖုန်းကို ကျောပိုးအိတ်ထဲထိုးထည့်ကာ စာကြည့်တိုက်ဘက်ဆီ လွင်ပြင်တစ်ယောက်တည်း ဦးတည်သွားလိုက်သည်။

Cupid's Compass (Completed )حيث تعيش القصص. اكتشف الآن