အပိုင်း -၂၂

3.1K 178 0
                                    

လွင်ပြင်တစ်ယောက် "The Arrow and The Song" ကဗျာကို အလွှတ်ချရေးနေချိန်ဖြစ်သည်။

အရိပ်ကလည်း ထုံးစံအတိုင်း လွင်ပြင့်အနားတွင် မှောက်ခုံမှောက်လျှက် "ရေသည်ယောကျ်ားနှင့် ရေသည်မိန်းမတွေ့ဆုံခန်း" ကို အာပေါင်အာရင်းသန်စွာ အသံနေအသံထားဖြင့် ရွတ်ဆိုနေ၏။

"ဆံထုံးတော်ကြီး တမာသီးနှင့်၊ ခါးစည်းဝတ်လဲ၊ ချုပ်စပြဲကို၊ တဲအပ်နှင့်တွယ်၊ လူမြင်သမျှ၊ စိတ်ပျက်အောင်လှပါတဲ့၊ မရေသယ်"

ပါးစပ်ကလည်းဆိုကာ လွင်ပြင့်ဆံသားများကိုလည်း လက်တစ်ဖက်က ဖွနေ၏။

ပထမအစပိုင်းတွင် လွင်ပြင်က ခဏခဏပုတ်ချနေသော်လည်း အရိပ်ကထပ်ကိုင်မြဲမို့ လျစ်လျူရှုထားကာ ကဗျာကိုသာ ဆက်ရေးနေတော့သည်။

" ပိစိ..."

" ....."

" ပိစိရေလို့...."

" ဆို! "

လွင်ပြင့်ကိုခေါ်မရမချင်း ရပ်မည့်ပုံမပေါ်သည့်အရိပ်ကြောင့် လွင်ပြင်ကပဲ အလျှော့ပေးလိုက်ရပြန်၏။

သို့သော် "ဆို!" ဟုသာ လေသံခပ်ပြတ်ပြတ်ဖြင့် တုံးတိဖြေလိုက်သည်။

" ပထမနှစ်ဝက်ဖြေရတော့မယ်နော် "

" အွန်း! "

" စာတွေရပြီလား "

" အွန်း..."

အရိပ်က မှောက်ခုံအနေအထားဖြင့်စာဖတ်နေရာမှ ပက်လက်လှန်လိုက်ရင်း စာရေးနေသည့်လွင်ပြင့်ကိုမော့ကြည့်ကာ အားတက်သရောပြောနေသော်လည်း လွင်ပြင်ကတော့ ' အွန်းတစ်လုံးဆောင် အိုတောင်မဆင်းရဲ ' ဟု နှလုံးပိုက်ကာ အွန်းဂါထာကိုသာ အာဂုံဆောင်နေ၏။

" ပိစိ..."

" ပြော"

ဒီတစ်ခါတော့ အရိပ်က စာရေးနေသော လွင်ပြင့်ဘောပင်ကို အတင်းဆွဲယူလိုက်သည်။

အရိပ်၏လှုပ်ရှားပုံမှာ လျှင်မြန်လွန်းသဖြင့် လွင်ပြင့်မှာမတားဆီးနိုင်ပဲ ငေးကြည့်နေရုံသာတတ်နိုင်တော့သည်။

" ငါ့ကိုကြည့်ဦးလို့ စာက မင်းရည်းစားမဟုတ်ဘူး "

" မင်းကရော ငါ့ရည်းစားမို့လို့လား "

Cupid's Compass (Completed )Tahanan ng mga kuwento. Tumuklas ngayon