Happy 1year anniversary " Cupid's Compaas" ❤❤❤
ဘာလိုလိုနဲ့ ၂ငါးလုံးနေ့မှာ စတင်ခဲ့တဲ့ CCလေးဟာ ဒီနေ့မှာ တစ်နှစ်ပြည့်ပါပြီ
အချိန်တွေက တကယ်ကို ခဏလေးလိုပါပဲ🥺🥺🥺0 viewနဲ့စခဲ့တဲ့ CCလေးဟာ အခုတစ်နှစ်ပြည့်မှာတော့ ဝမ်းသာဖွယ်ကောင်းလောက်အောင် 186K views အထိရှိလာခဲ့ပါပြီ။👏👏👏
ဒါတွေအားလုံးက အချိန်ကုန်ခံပြီးဖတ်ရှုပေးခဲ့တဲ့ စာဖတ်ပေးသူလေးတို့ရဲ့ကျေးဇူးပါပဲ😍
ယုံယုံကြည်ကြည်နဲ့ ongoingလိုက်ပေး၊ မန့်ပေးရင်သ အတူရှိနေပေးခဲ့သူ တစ်ယောက်ချင်းစီကို ရွှန်းမှတ်မိနေဆဲပါပဲ...🙆
Rvလေးတွေပေးခဲ့သူတွေကိုလည်း အများကြီးကျေးဇူးတင်ပြီး အများကြီးချစ်ရပါတယ်💖
တစ်နှစ်ပြည့်မှာ ရွှန်းဘက်က ပြန်ပေးနိုင်တာကတော့ အချစ်တွေနဲ့ ကျေးဇူးတင်စကားပဲရှိပါတယ်ရယ်💞
CCလေးက ရွှန်းအတွက် ပထမဆုံးအဆုံးသတ်ခဲ့တဲ့ very first OCလေးပါ Btw သူအရင် စခဲ့ပြီးအဆုံးမသတ်တဲ့ OCလေးရှိသေးတယ်
သိတဲ့သူတွေသိမလားမပြောတတ်ပေမဲ့ တကယ်စခဲ့တဲ့ ficလေးက အနီးမှုန်ပါ။😥ထားပါလေ
ဘာပဲဖြစ်ဖြစ် ပထမဆုံးအဆုံးသတ်ခဲ့တာဟာ CCမို့ CCဟာ ရွှန်းအတွက်တော့ တကယ့်ကို အဖိုးတန်အချစ်ဦးလေးပဲ💛ရွှန်းအနေနဲ့ ကျောင်းသားဇာတ်လေးရေးချင်ခဲ့တယ်
ဒါပေမဲ့ သိတဲ့အတိုင်း WPမှာကလည်း ကျောင်းသားဇာတ်တွေကခပ်များများရယ်😏ဒီတော့ copyrightဆိုတာကို တကယ်စိုးရိမ်ခဲ့တာမို့ ကိုယ့်ဇာတ်လမ်းအသေးစိတ်ကို gpတွေထဲ postတင်ပြီးမေးခဲ့တာ အမှတ်တရပါပဲ။😑
များသောအားဖြင့် ကျောင်းသားဇာတ်မှာဆို မတည့်အတူနေမျိုး၊ တစ်ယောက်ချစ်တာကိုတစ်ယောက်မသိဘဲ အခြားသူနဲ့တွဲနေတာမျိုး ပိုများတယ်ဆိုတာကြောင့် စိတ်ရှည်နွေးထွေးတဲ့ကလေးနဲ့ မိသားစုကြောင့် မချစ်ရဲတဲ့ကောင်လေးတို့ရဲ့ နွေးထွေးတဲ့သူငယ်ချင်းဆက်ဆံရေးလေးကနေ တဖြည်းဖြည်းအဆင့်တက်သွားပုံမျိုးဖြစ်လာခဲ့ပါတယ်🤍
ဇာတ်လမ်းလေးရေးနေတဲ့တစ်လျှောက်လည်း သဘောကျတယ်ဆိုတာထက် မဖတ်ဖူးသေးတဲ့ typeပဲ၊ အသစ်အဆန်းလေးဆိုတဲ့ feedbackကိုမြင်ရရင် ပိုစိတ်အေးမိတာ အမှန်ပါ...💙
YOU ARE READING
Cupid's Compass (Completed )
RomanceCover- edited from Google Start Date - 22.2.22 End Date- 31.12.22 အချစ်ပါ... ဖို, မပဲဆိုငင်ပြီး ဖို, ဖိုချင်း မ,မချင်း တွန်းကန်ရအောင် သံလိုက်မဟုတ်ဘူး ရူပဗေဒ သဘောတရားတွေနဲ့ ကန့်သတ်နေရအောင် Loveက magnetမှမဟုတ်တာ အချစ်လား ရေလို ထည့်တဲ့ပုံစံခွက်အတိုင်း...