အိမ်တွင်လူတစ်ယောက် လျော့သွားသည့်အခါ လစ်ဟာမှုသည်သိသိသာသာ...
ယနေ့ပင် ပါပါးဈာပန ရက်လည်ခဲ့ပြီဖြစ်သော်လည်း စိတ်ထဲမှမယုံနိုင်သေး...
သို့သော်မယုံ၍ကား မဖြစ်။
ပါပါးဆုံး၍ တစ်ရက်နှစ်ရက်ပင်ရှိသေးသည်။
ပါပါးကုမ္ပဏီကို စီမံရန်အရေးက ပေါ်လာလေပြီ။
ဒီအခါ အိမ်အတွင်း ခေါင်းချင်းဆိုင်ဆွေးနွေးပွဲလေးဖြစ်သွားရပြန်သည်။
အဓိကက မာမား၊ ဒေါ်လေးမြတ်နှင့် ဦးဝေယံအပါအဝင် ကုမ္ပဏီမှ တာဝန်ရှိသူများသာဖြစ်ပြီး မှန်သားက မယောင်မလည်လေး ဝင်နားထောင်ရုံသက်သက်ပင်...
သို့တစေ ပါပါးမရှိတော့သော်လည်း KHIT Group၏ အောင်မြင်မှုအရှိန်က တည်ရှိနေဆဲမို့ တာဝန်ရှိသူများနှင့် ရှယ်ယာရှင်များဘက်မှ စောင့်ကြည့်နေဆဲအခြေအနေသာ
အမှန်တွင်တော့ သူတို့အနေဖြင့်လည်း ပင်မတည်ထောင်သူ ပါပါး၏ 90%သော ရှယ်ယာကိုမလွန်ဆန်နိုင်သည်မို့ နေရာလုရန်လည်း အိပ်မက်အနေဖြင့်ပင် မက်၍မရပါချေ...
ထို့ကြောင့် ဆွေးနွေးပွဲကား ဇာတ်လမ်းများကဲ့သို့ နေရာအတွက်မဲခွဲရခြင်းမျိုးမရှိပါလေ...
ပါပါး၏ဇနီးသည်ဖြစ်သည့် KHIT Group၏ ဆက်ခံသူမာမား၏ ဆုံးဖြတ်ချက်ကိုသာ ကန့်ကွက်ရန်မရှိဘဲ ငြိမ်သက်နားထောင်ကြရန်သာဖြစ်လေသည်။
မာမားကလည်း ရှင်းပါသည်။
KHIT Groupသည်လည်း ဖိနပ်လောက၏ ထိပ်သီးနေရာတွင်ရှိနေဆဲဖြစ်၍ ကုမ္ပဏီကိုရပ်ဆဲခြင်း၊ ရောင်းချခြင်းပြုမည်မဟုတ်ဘဲ ယခင်အတိုင်းပင် ဆက်လက်လည်ပတ်မည်။
မာမားကိုယ်တိုင်ပင် PANN Groupကိုသာမက KHIT Groupကိုပါ CEOအဖြစ်ပူးတွဲအုပ်ချုပ်စီမံသွားမည်ဖြစ်သည်။
သို့သော် KHIT Groupသည် KHIT Groupသာဖြစ်ပြီး PANN Groupနှင့်လည်းရောမည်မဟုတ်သကဲ့သို့ PANN Group၏ အခွဲလည်းဖြစ်လာမည်မဟုတ်ဘဲ ပါပါး၏ခြေရာလက်ရာအတိုင်း သီးသန့်တည်ရှိနေမည်ဖြစ်သည်။
မာမားအနေဖြင့် မည်မျှပင်ထက်မြက်သည့်မိန်းမဖြစ်စေကာမူ နာမည်ကြီး ဖိနပ်ထုတ်သည့် Groupနှစ်ခုလုံးကို အသေးစိတ် ကိုင်တွယ်ရန်မှာ လွန်စွာလွယ်ကူသည်တော့မဟုတ်ပါချေ။
BẠN ĐANG ĐỌC
Cupid's Compass (Completed )
Lãng mạnCover- edited from Google Start Date - 22.2.22 End Date- 31.12.22 အချစ်ပါ... ဖို, မပဲဆိုငင်ပြီး ဖို, ဖိုချင်း မ,မချင်း တွန်းကန်ရအောင် သံလိုက်မဟုတ်ဘူး ရူပဗေဒ သဘောတရားတွေနဲ့ ကန့်သတ်နေရအောင် Loveက magnetမှမဟုတ်တာ အချစ်လား ရေလို ထည့်တဲ့ပုံစံခွက်အတိုင်း...
