1.4K 61 12
Happy new year!
နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့မှုအပေါင်း ခညောင်းပါစေရှင်🎉🎊
ရွှန်းရဲ့ နှစ်သစ်လက်ဆောင်လေးကို သဘောကျမယ်လို့ မျှော်လင့်ပါတယ်နော်💝
Ccလေးက 22.2.22မှာ စခဲ့တာဖြစ်လို့ ဆယ်လကျော်ခရီးဖြစ်ခဲ့ပါတယ်😍
CCလေးက 0 viewကနေ အခုဆို 78.2 viewsအထိ တက်လာပါပြီ😲
တကယ် တကယ်ကို မယုံနိုင်စရာပါပဲ...
ကျေးဇူးတင်ပါတယ်ဆိုတာထက် ရွှန်းမှာပြောစရာမရှိပါဘူး😓
တကယ်ခွဲရတော့ မျက်ရည်က မခိုင်တော့ဘူး ငိုနေမိပြီ ဗြဲ😭
ပထမဆုံးocပေမဲ့ ဘယ်အရာကိုမှ ရွှန်းပေါ့သေးသေးမလုပ်ခဲ့တာ ယုံပါ😍
အဓိကက စာရေးသူအသစ်ကလေးရဲ့ ဖန်တီးမှုကို ယုံယုံကြည်ကြည်နဲ့ ongoing လိုက်ပေးကြသူလေးတွေပေါ့နော်😙
အများကြီးချစ်ပါတယ်
ကျေးဇူးလည်းတင်ရပါတယ်😗
Voteပေး mentပေးသူတွေကိုတော့ ပိုချစ်တာပေါ့နော် ဟီး😚
Mentပေးသူတွေကိုဆို ရွှန်း တစ်ယောက်ချင်းစီကို မှတ်မိပြီး ရင်းနှီးနေပါတယ်😘
ဘာပဲဖြစ်ဖြစ် ဒီ ficလေးကိုဖတ်ရင်း ကြည်နူးရ၊ ပျော်ရ၊ ရယ်ရ၊ ငိုရ၊ ငယ်ဘဝကို ပြန်ခံစားမိကြရင် ရွှန်းရေးရကျိုးနပ်ပါပြီ😇
ဘယ်လိုပဲ ကြိုးစားပါစေ
ရွှန်းရဲ့စာတွေက လိုအပ်ချက်တွေ အများကြီးပါ😞
စာလုံးပေါင်းတွေလည်း သတိထားရေးပေမဲ့ ရွှန်းက တအားမျက်စိမှောက်တတ်တာမို့ စာလုံးပေါင်း မှားနေရင်လည်း လာပြပေးပါဦးနော်😉
သိသိသာသာ လိုအပ်ချက် ဥပမာ ရေးထားတဲ့အကြောင်းအရာ မှားယွင်းနေတာ လွဲချော်နေတာများရှိရင်လည်း လာပြောပေးကြဖို့ မေတ္တာရပ်ခံပါတယ်ရှင်🙏
စာဖတ်မိသူတွေ အမှားကြီးလက်ခံမိမှာ စိုးတာကြောင့်ပါ☺
ဒါထက် CCလေးကို သဘောကျမိကြရင် သူငယ်ချင်းတွေကိုပါ လက်တို့ပေးပြီး ဒီထက်သဘောကျပြီး အဆင်ပြေရင်တော့  rvလေးရေးပေးဖို့လည်း တောင်းဆိုချင်ပါတယ်ရှင့်😊
Cupid's Compass (Completed )Where stories live. Discover now