အပိုင်း -၃၉

3.1K 175 4
                                        


ဆေးတက္ကသိုလ် (2) ရန်ကုန် အားကစားပြိုင်ပွဲ
ပါမောက္ခချုပ်ဖလား ဘောလုံးကစားပွဲ

အားကစားကွင်းတစ်ခုလုံး ဆေး(၂)မှ ကျောင်းသားကျောင်းသူများ၊ house surgeonဆင်းနေကြသူများအဝင်အပါ ကျောင်းသားဟောင်းဖြစ်သည့် ဆရာဝန်များနှင့် ပြည့်လျှံနေသည်။

ပါချုပ်နှင့် ဒုပါချုပ်များပါ ကိုယ်တိုင်ကိုယ်ကျ ကြွရောက်အားပေးကြသည်မို့ ပွဲကအတော်လေးစည်၏။

ယနေ့က 1st MBနှင့် 3rd MBမှ ကျောင်းသားများ ယှဉ်ပြိုင်ရမည့် အလှည့်သာ...

ပြိုင်ပွဲစရန်နီးလာပြီမို့ ကစားသမားများ ကွင်းထဲနေရာယူလာကြလေပြီ။

1st MBအသင်းက အဝါနုရောင်အားကစားဝတ်စုံဝတ်ကာ 3rd MBများက အပြာရောင်ဝတ်စုံများဝတ်ဆင်ထား၏။

ခြေအိတ်များနှင့် ဖိနပ်များကလည်း အားကစားဝတ်စုံအရောင်အတိုင်းပင်။

တိုက်စစ်မှူးဖြစ်သည့်ရာရာကလည်း အသင်းသားများနည်းတူ အဝါရောင်အားကစားဝတ်စုံပြည့်ဖြင့်ဖြစ်သည်။

ဝ့ဝဲကျနေသည့် ဆံစအချို့ကို နဖူးပေါ် ပြန်သိမ်းကာ အဝါရောင်ခေါင်းစည်းဖြင့် လှန်တင်ထားသဖြင့် မျက်နှာသွယ်သွယ်လေးက ထင်းနေ၏။

ဒူးထိသည့် အားကစားဘောင်ဘီနှင့် အားကစားအင်္ကျီလက်တိုကြောင့် အရိပ်၏ ခန္ဓာကိုယ်အချိုးအစားက ထင်ရှားပေါ်လွင်ကာ ကြွက်သာများကို တမင်လှစ်ဟပြထားသည့်နှယ်...

အရပ်ရှည်ရှည်နှင့် ရုပ်ချောသည့်အပြင် စိမ်းဖန့်ဖန့်မျက်ခုံးတန်းအောက်မှ စူးရှရှအကြည့်များကြောင့် ရာရာ့ကို ဒီဘောလုံးပြိုင်ပွဲစကတည်းက လူတိုင်း အတော်လေး သတိထားမိနေကြသည်။

"ဟဲ့ ဟို first MBထဲက ကလေးတစ်ယောက်က ချောချက် ဆင်ချက်ပဲအေ ချောလိုက်တဲ့ အဝါရောင်မောင်လေး"

" အဟုတ်ပဲ international အရပ်ကြီးနဲ့ သိပ်ကြည့်ကောင်းနေတာနော်"

" တအားချောတဲ့ မောင်မောင်လေး နှာတံလေးကို စင်းနေရော သူ့နှာတံလေးမှာ ပါးထိုးပေးချင်လိုက်တာ အဟိဟိ "

" အဲ့လက်မောင်းကြွက်သားကို တစ်လုပ်ရယ်ဝဝ ကိုက်လိုက်ရရင်ဖြင့်..."

Cupid's Compass (Completed )Место, где живут истории. Откройте их для себя