အိပ်ရာနိုးသည်နှင့် တစ်ဘက်ခုတင်ဆီ အကြည့်ပို့မိသော်လည်း သေသေသပ်သပ်ခေါက်ပြီးသား အိပ်ရာခင်းလေးကသာ စောင့်ကြိုနေလေသည်။" အပေါ့လေးပါးများ သွားနေတာလား "
တစ်ကိုယ်တည်း တီးတိုးရွတ်ဆိုရင်း မှန်သားတစ်ယောက် မျက်နှာသစ်ရန်သာ ပြင်လိုက်ရတော့၏။
ခုတင်ကိုယ်စီနှင့် အခန်းတစ်ခန်းထဲအတူတူသုံးနေသည့် သူတို့ပုံစံက အနည်းငယ်အနေခက်စရာရှိသော်လည်း စိမ်းသက်သည့်ပတ်ဝန်းကျင်မှာ ရာရာရှိနေသဖြင့် သူ အားတက်ရပါသည်။
introvertဆန်ကာ တစ်ယောက်တည်းနေတတ်သူမျိုးမို့ မှန်သားက အပေါင်းအသင်း မိတ်မဖွဲ့တတ်ပါလေ။
ဟုတ်တယ်
ရာရာရှိနေလို့ တကယ်တော်ပါသေးရဲ့...မျက်နှာသစ်၊ သွားတိုက်ပြီးချိန် ပူပူနွေးနွေး မုန့်ဟင်းခါးပွဲက သူ့ကိုစောင့်ကြိုနေလျှက်သား...
"ကိုယ် ကျောင်းကန်တင်းက သွားဝယ်လာတာ အတူစားမယ်လေ "
ဟီးခနဲ တစ်ချက်ရယ်ပြလာရင်း သူ့မုန့်ထုပ်ကိုပါမြှောက်ပြနေသည့် ရာရာက သူ့အတွက်ပါ မနက်စာ သွားဝယ်ပေးနေသည်လား။
" မှန်သားနဲ့မှ သွားဝယ်လည်းရတာပဲကို "
" ကန်တင်းမှာ လူကြပ်တယ် သွားချွန်လေးရဲ့ ပထမတော့ အခြေအနေကြည့်ရင်း ဖုန်းဆက်ခေါ်မလို့ပဲ ထိုင်စရာနေရာတောင် မရှိတော့ ပါဆယ်ပဲဆွဲလာခဲ့တာ "
ရှည်ရှည်ဝေးဝေး ရှင်းပြနေသူကို မှန်သား တစ်ချက်မော့ကြည့်ရင်း လက်ကလည်း ပန်းကန်လွတ်တစ်လုံးထဲ မုန့်ဖက်ထည့်ကာ ဟင်းရည်ပါလောင်းချလိုက်ရင်း...
" အင်းပါ မှန်သားလည်း နောက်နေ့စောစောထပါ့မယ် အတူတူသွားစားကြတာပေါ့ "
မှန်သားစကားကိုကြားတော့ ရာရာက ခေါင်းညိတ်ပြကာ သဘောတူလာသည်မို့
YOU ARE READING
Cupid's Compass (Completed )
RomanceCover- edited from Google Start Date - 22.2.22 End Date- 31.12.22 အချစ်ပါ... ဖို, မပဲဆိုငင်ပြီး ဖို, ဖိုချင်း မ,မချင်း တွန်းကန်ရအောင် သံလိုက်မဟုတ်ဘူး ရူပဗေဒ သဘောတရားတွေနဲ့ ကန့်သတ်နေရအောင် Loveက magnetမှမဟုတ်တာ အချစ်လား ရေလို ထည့်တဲ့ပုံစံခွက်အတိုင်း...