" ဟေ့ကောင် လွင်ပြင် ထစမ်း အပျင်းတစ်မနေစမ်းနဲ့ ရေချိုးတော့ "မှန်သားတို့ ရေချိုးပြီးဝင်လာသည်အထိ လွင်ပြင်က ခုတင်ပေါ်တွင် ဆန့်ဆန့်ကြီးအိပ်ပျော်နေ၏။
လက်နှစ်ဖက်ကိုလည်း ဆန့်နိုင်သမျှဆန့်ထားပြီး ခြေထောက်ကိုလည်း ကားထားသေးကာ အပီအပြင် အိပ်မောကျနေခြင်းပင်...
ညနေကြီးအိပ်နေသည့် လွင်ပြင့်ခြေထောက်ကို လှုပ်ရင်း မှန်သား နှိုးလိုက်သည်အထိ သင်းက မထသေး။
" လွင်ပြင်ရေ ဟေ့ကောင် ထတော့လေ "
အတော်ကြီး လှုပ်နှိုးမှ လွင်ပြင်က အနည်းငယ် လှုပ်ရှားလာ၏။
" အင်းပါ "
ပါးစပ်က အင်းပါပြောနေပေမဲ့ လွင်ပြင့်ပုံက ချက်ချင်းထမည့်ပုံမပေါ်...မှန်သား အခုမှ မနက်တိုင်းလာနှိုးပေးသည့် ဒေါ်လေးမြတ်ကို ကိုယ်ချင်းစာမိ၏။
" လွင်ပြင်ရေ ထတော့ကွ ညနေဘက်ကြီးအိပ်နေရင် ဖျားနေလိမ့်မယ် ထ ထ "
ကိုယ်လုံးကို တစ်ချက်လှုပ်နှိုးသည်အထိ မျက်လုံးမပွင့်သည့် သင်းက သူ့ကိုချော့သိပ်နေသည်များ မှတ်နေသလားမသိ...
ပက်လက်ကလေးဖြစ်နေသော အနေအထားမှ ညာဘက်ကိုအနည်းငယ်စောင်းလိုက်သည်ကလွဲပြီး ဘာမှမပြောင်းလဲ...
" မင်းကလည်း အင်းပဲ လုပ်မနေနဲ့ ထကွာ ငါထမင်းဆာတယ် ချိုင့်လည်းရောက်နေလောက်ပြီ "
ခါးကို ခပ်ဆက်ဆက်ကလေးရိုတ်ချရင်း ပြောလိုက်တော့မှ လွင်ပြင်က မပွင့်ချင်ပွင့်ချင်မျက်လုံးများဖြင့် မျက်မှောင်ကုတ်ပြီး ပြန်ကြည့်လာသည်။
မျက်နှာက မကြည်မလင် ပုတ်သိုးနေပြီး နှုတ်ခမ်းကလည်း စူချင်သလိုလို...
" ထ ထ ရေချိုးရင် လူလန်းသွားလိမ့်မယ် မြန်မြန်ချိုးပြီးပြန်လာခဲ့ ထမင်းစားရအောင် "
STAI LEGGENDO
Cupid's Compass (Completed )
Storie d'amoreCover- edited from Google Start Date - 22.2.22 End Date- 31.12.22 အချစ်ပါ... ဖို, မပဲဆိုငင်ပြီး ဖို, ဖိုချင်း မ,မချင်း တွန်းကန်ရအောင် သံလိုက်မဟုတ်ဘူး ရူပဗေဒ သဘောတရားတွေနဲ့ ကန့်သတ်နေရအောင် Loveက magnetမှမဟုတ်တာ အချစ်လား ရေလို ထည့်တဲ့ပုံစံခွက်အတိုင်း...