အပိုင်း - ၅၅

2.8K 175 20
                                    


" ကောင်းကောင်းလေး ဘယ်လိုနေသေးလဲ ဒယ်ဒီ "

လွင်ပြင် စိုးရိမ်တကြီးမေးလိုက်ရင်း ခုတင်ပေါ်လှဲနေဆဲ ညီမဖြစ်သူဆီသွားရန်ပြင်လိုက်ချိန် ဒယ်ဒီက သူ့လက်ကိုအသာ လှမ်းဆွဲထား၏။

" သမီးငယ် ဘာမှမဖြစ်ပါဘူး အခု အိပ်ပျော်နေတာမို့ နိုးလာမှကြည့်ပေးမလား သားကြီး "

" ဒါပေမဲ့ ဒါပေမဲ့ ကျွန်တော် အတည်ပြုရမှဖြစ်မယ် ကောင်းကောင်းလေး အခြေအနေကို သားသိချင်တယ် "

ပြောရင်း သူ ကောင်းကောင်းလေးအနား လျှောက်သွားလိုက်သည်။

သွက်လက်လှသည့် ညီမငယ်လေး၏ခေါင်းတွင် ပတ်တီးဖွေးဖွေးလေး ပတ်ထားရကာ ခုတင်ထက်တွင် ငြိမ်သက်စွာအိပ်စက်လျှက်...

မလိုက်ဖက်လိုက်တာ
ကိုကိုတို့ကောင်းကောင်းလေးက ခေါင်းမှာ ဘီးကုပ်လေးပဲ ပန်နေကျကိုကွာ

တောင်းပန်ပါတယ် ကောင်းကောင်းလေးရယ်
ကိုကိုက တစ်ယောက်တည်းရှိတဲ့ ဒီညီမလေးကို ကာကွယ်ပေးခဲ့ရမှာကို...

ကိုကိုပြန်လာခဲ့ပါလို့ ဖုန်းဆက်တိုင်းခေါ်နေတာကို ဒီအစ်ကိုမိုက်က လျစ်လျူရှုခဲ့မိတယ်...

အပြစ်ကင်းစင်စွာ အိပ်မောကျနေသည့် ညီမငယ်လေးကိုကြည့်ရင်း သူ့မျက်ဝန်းတို့က စိုစွတ်လာရ၏။

" သမီးငယ်လေးက လမ်းမကိုမကြည့်ဘဲဖြတ်သွားမိတော့ ကားက အချိန်မီဘရိတ်အုပ်နိုင်ပေမဲ့ ကားလမ်းပေါ်လဲကျပြီး ခေါင်းနည်းနည်းထိသွားရုံပါပဲကွယ် "

ကောင်းကောင်းလေး အိပ်ပျော်နေ၍ ခပ်တိုးတိုးသာ ရှင်းပြလာသည့် မေမေ့စကားသံအဆုံး မီးတောက်အလား ပူလောင်နေသည့်သူ့ရင်က ရေနှင့်ငြိမ်းသတ်လိုက်သည့်နှယ် ပူလောင်မှုတို့လျော့ကျသွားရ၏။

" တကယ် တကယ်ပဲ ကောင်းကောင်းလေး ဘာမှမဖြစ်တာ သေချာရဲ့လား မာမီ"

သူ့အမေးကို မာမီက ခေါင်းတဆက်ဆက်ညိတ်ပြရင်း

" သေချာပါတယ်ကွယ် မမြတ်က ဆေးရုံရောက်ကတည်းက တစ်ကိုယ်လုံးလည်း စက်တွေနဲ့ စစ်ဆေးကြည့်ပြီးပါပြီ ပြင်ပဒဏ်ရာလေး နည်းနည်းရသွားရုံပါ ကောင်းကောင်းလေး အသက်အန္တရာယ် မရှိပါတော့ဘူး "

Cupid's Compass (Completed )Where stories live. Discover now