နောက်တစ်နေ့မနက် ရာရာ ကျောင်းဆီကိုသာ သွားချင်စိတ်စောနေမိသည်။
မှန်သားကို ကျောင်းအကြောင်းပြောပြီး နောက်နေ့၌ စနေ တနင်္ဂနွေနှင့် တည့်တည့်တိုးသည်။
သိချင်သည့်ကိစ္စဆို နှောင့်နှေးကြန့်ကြာတတ်လေသည်က သဘာဝလား မသိ
မှန်သားက နောက်နှစ် ဘော်ဒါဆောင်နေမည့်ကိစ္စကို မေးလာမည်ဟု ကတိပေးထားခဲ့သည်မဟုတ်ပါလား
ဟင်း...
ဒါပေမယ့် သူက သတိတရရော မေးလာပါ့မလား?ဘာပဲဖြစ်ဖြစ် မေးလာခဲ့ရင်ကောင်းမယ်
ဒါနဲ့...သူက ငါနဲ့ရော အတူတက်ချင်ပါ့မလား?မနေ့က မေးခဲ့မယ်ပြောတာက မကောင်းတတ်လို့ ပြောလိုက်တာများလား?
မဟုတ်လောက်ပါဘူး မနက်ကတောင် အအေးဘူးဝယ်တိုက်သေးတာပဲဟာ
ဒါပေမယ့် အဲ့ဒါကလည်း ငါ့ကို ကျေးဇူးတင်ပြီး အားနာလို့နေမှာ
တကယ်လို့ ငါသာ ကွန်ပါမငှါးခဲ့ရင် သူက ငါ့ကို စကားလာပြောမှာတဲ့လား
ရာရာတစ်ယောက်တည်း ကိုယ့်ဘာသာ ဒီလိုလည်း အတွေးများနေမိသေးတာ...
ကျောင်းရောက်သည့်အခါ Bugatti Veyron အဖြူလေးတစ်စီးက ရာရာတို့ Bugatti Chiron အနက်လေးဘေးမှာ ရပ်လာသည်။
ကားထဲမှထွက်လာသူကို မြင်လိုက်သည့်နှင့် ရာရာ ဝမ်းသာအားရဖြင့် ကားနောက်ခန်းထဲမှဆင်းရင်း အပြေးအလွှားခေါ်လိုက်မိသည်။
" ဟေး မှန်လေး "
" ဪ ..."
မှန်လေးက သူ့ကိုမြင်တော့ ဪ တစ်ချက်ရေရွတ်ပြီး ရပ်စောင့်နေ၏။" မင်းအမေလား ချောလိုက်တာ "
ရာရာ မြှောက်နေခြင်းမဟုတ်...
Veyron ကားဖြူလေးပေါ်မှ ဆင်းလာသည့်အမျိုးသမီးက မှန်လေးနှင့် ရုပ်ချင်းလည်းဆင်ပြီး တကယ် အတော်လေးလှနေပါ၏။
ချည်သားစစ်စစ် အနက်ရောင်အပေါ် အဖြူရောင်ချိတ်ထိုးထားသည့် လုံချည်ကို ပန်းကြယ်သီးအနက်ရောင် တပ်ထားသည့် အဖြူရောင်ပြောင်ရင်ပုံးလက်ရှည်နှင့် တွဲဝတ်ထားပုံက မဟာဆန်သည်။
![](https://img.wattpad.com/cover/304898271-288-k487318.jpg)
أنت تقرأ
Cupid's Compass (Completed )
عاطفيةCover- edited from Google Start Date - 22.2.22 End Date- 31.12.22 အချစ်ပါ... ဖို, မပဲဆိုငင်ပြီး ဖို, ဖိုချင်း မ,မချင်း တွန်းကန်ရအောင် သံလိုက်မဟုတ်ဘူး ရူပဗေဒ သဘောတရားတွေနဲ့ ကန့်သတ်နေရအောင် Loveက magnetမှမဟုတ်တာ အချစ်လား ရေလို ထည့်တဲ့ပုံစံခွက်အတိုင်း...