ရာရာ သြင်္ကန်ကိုပျော်ပါသည်။
'သင်္ကန္တ' ကူးပြောင်းခြင်းတွေဘာတွေအပထား၊ နှစ်ဟောင်းအညစ်အကြေး နှစ်သစ်မှာဆေးတာတွေ အသာထားလို့ ရေပတ်ရတာကြောင့်ကို ပျော်ခြင်းဖြစ်သည်။
သြင်္ကန်တွင်းမို့ကို ပျော်ရပါသည်။
စားပွဲတင်နာရီမှ alarm သံကြောင့် ဘယ်ညာလူးရင်း ကမန်းကရမ်း နိုးထလာသည့်ရာရာ...
မနေ့က နောက်ဆုံးရက်ပွဲသိမ်းအနေဖြင့် အတတ်နေ့တစ်နေ့လုံး ရေကုန်ရေခမ်းရေကစားပြီးနောက် နာရီ alarm ပေးကာ နှစ်ခြိုက်စွာအိပ်ပျော်နေခဲ့ခြင်းပင်။
ကျောင်းလည်းပိတ်ထားသည်မို့ ပွဲတော်လည်ပြီးကတည်းက မှန်လေးနှင့်လူချင်းမတွေ့ရသော်လည်း social mediaများပေါ်တွင်တော့ အဆက်အသွယ်ရှိနေသည်။
'လာဖြစ်အောင်လာကြနော်' ဟူသော gp chatမှ messageလေးကြောင့် စောစောသွားကြရန် အရိပ်နှင့်အကျိုးအကြောင်း တိုင်ပင်ပြီးသား...
ယနေ့က မှန်လေးမွေးနေ့ဟူသောအသိကြောင့် လူးလဲထရင်း မျက်နှာသစ်ကာ အရိပ်ကိုဖုန်းဆက်ပြီးနောက် အဝတ်ရှာရသည်။
အိပ်ရေးမဝသေးသော်လည်း မကြာခင် အရိပ်ကိုဝင်ခေါ်ပြီး ဆိုင်ကယ်ကိုယ်စီဖြင့် ဘုရားဆီသွားရမည်မို့ တက်တက်ကြွကြွပြင်ဆင်နေမိသည်။
ဘုန်းကြီးကျောင်းမှာ အလှူလုပ်မှာဖြစ်ပြီး ဘုရားလည်းတက်ကြမည်မို့ ပုဆိုးထဲကပဲ ဦးစွာကြည့်ဖြစ်သည်။
ပထမဆုံး ကိုင်မိသည်က ပန်းရောင်ရက်ကန်းထည်လေး...
အဆင်လေးကို သဘောကျပေမဲ့ တအားနုနေမလား
ထို့နောက် အဝါရောင်ပိုးသားစစ်စစ်ပုဆိုးကို ကိုင်ပြီး ပြန်ချထားမိပြန်၏။
အဝါရောင်ကလည်း အရောင်စိုတောက်လွန်းသည်။
အစိမ်းရင့်ရောင် ပလေကပ်ကလေးကလည်း အဆင်လှပေမဲ့ စိမ်းစိမ်းကားကားကြီးမို့ ကျော်ချပစ်လိုက်ပြန်သည်။
နောက်ထပ် အပြာရင့်ရောင်ချည်သားပုဆိုးလေးကိုလည်း ချန်ထားလိုက်မိလျက်သား...
အပြာကိုလည်း လူကြီးဆန်သလိုထင်မိတာကြောင့် သူ မဝတ်ချင်။
BẠN ĐANG ĐỌC
Cupid's Compass (Completed )
Lãng mạnCover- edited from Google Start Date - 22.2.22 End Date- 31.12.22 အချစ်ပါ... ဖို, မပဲဆိုငင်ပြီး ဖို, ဖိုချင်း မ,မချင်း တွန်းကန်ရအောင် သံလိုက်မဟုတ်ဘူး ရူပဗေဒ သဘောတရားတွေနဲ့ ကန့်သတ်နေရအောင် Loveက magnetမှမဟုတ်တာ အချစ်လား ရေလို ထည့်တဲ့ပုံစံခွက်အတိုင်း...
