အပိုင်း -၁၉

3.6K 200 2
                                        


မိုးများက သည်းနေသည်။

ကောင်းကင်တစ်ခွင်လုံး မှိုင်းရီဝေဆဲ။

လေများကလည်း တဟူးဟူးတိုက်ခတ်လျှက်။

အုန်းပင်နှင့်ကျွန်းပင်ကြီးများမှာ လေထဲယိမ်းထိုးနေ၏။

အနီးနားရှိ ခရေပင်ကြီးဆီမှ လက်လက်ဆက်ဆက် ခရေပန်းနံ့လေးက သင်းပျံ့မွှေးကြိုင်စွာ...

" ချမ်းလိုက်တာ "

မိုးရေမစိုထားသော်လည်း မှန်သားခမျာ မိုးရိပ်ကြောင့် ချမ်းလာရှာသည်ထင့်။

လက်ကလေးနှစ်ဖက်ကိုအသာပိုက်ရင်း ပခုံးလေးကိုလည်း စုကျုံ့ထား၏။

" အရမ်းချမ်းနေလား မှန်လေး "

" အွန့်..."

ခေါင်းလေးနှစ်ချက် ဆက်ခါညိတ်ပြရင်း နှုတ်ခမ်းလေးကလည်း အသံထွက်သည်ဆိုရုံ အွန့်ခနဲ အသံပြုလာပါသော မှန်လေး...

ထိုအချိန် ရာရာ့အတွေးထဲ မြင်ယောင်လာမိသော မြင်ကွင်းတစ်ခု...

အခြားမဟုတ်...

ကိုရီးယား ဒရမ်မာထဲမှ မင်းသမီးချမ်းနေချိန် စတိုင်လ်မိုက်မိုက်နှင့် သူ့ကုတ်ကြီးကို ခြုံပေးကြသည့် မင်းသား၏ပုံရိပ်ပင်...

ရာရာ ချက်ချင်းပင် သူ့အနွေးထည်ကို မှန်လေးဆီ လွှမ်းခြုံပေးလိုက်သည်။
သူ့ရဲ့ မှန်လေးချမ်းနေရှာတယ်လေ

ရာရာ အနွေးထည်လေးကို အသာအယာခြုံပေးလိုက်သည့်အခါ မှန်လေးက အံ့အားသင့်စွာ မော့ကြည့်လာပေမဲ့ ဘာမှတော့မပြော။

" အေးနေရင် ခြုံထားလေနော် "

ရာရာ ပြောလိုက်တော့ ခေါင်းလေးအသာညိတ်ရင်း ပြုံးပြလာ၏။

အေးချမ်းနွေးထွေးလိုက်သည့် အပြုံးလေးပါပဲ။

ကိုယ်ကြိုက်တဲ့ သီချင်းလေးတစ်ပုဒ်ရှိတယ်...

အခုတော့ တေးရေးဆရာကို စာသားပြင်ပေးပါလို့ အသနားခံစာနဲ့ တောင်းဆိုရတော့မလို ဖြစ်နေရပြီ ကိုယ့်ရဲ့မှန်လေးရယ်...

လေပြေညှင်းတွေ တိုက်ခတ်မှ သာယာပါတယ် ချစ်သူအပြုံးတဲ့။

မင်းရဲ့အပြုံးလေးကတော့ ထာဝစဉ်သာယာလှပနေတော့တာပါလား ကိုယ့်ရဲ့မူပိုင်ချစ်သူလေးရေ...

Cupid's Compass (Completed )Où les histoires vivent. Découvrez maintenant