" ချစ်တယ် မင်းကို "" အင်း....အတူတူပဲ ကိုယ်လည်းချစ်တယ် "
ရာရာ့အသံက တုန်ရင်လှိုက်ခါနေ၏။
ထိုစကားကိုဆိုရင်း ခုတင်ပေါ်ထိုင်နေသည့် မှန်သားဆီပြေးလာကာ ထွေးပွေ့လိုက်သည်။နှစ်ဦးလုံး၏ မျက်ဝန်းအိမ်တို့တွင်လည်း ထူးဆန်စွာ ရစ်သိုင်းဖွဲ့လာသော မျက်ရည်စတို့ဖြင့်...
သူတို့ပွေ့ဖက်ထားလိုက်မိကြသည်။
နှစ်ဦးသား တင်းတင်းကြပ်ကြပ်..." တောင်းပန်ပါတယ် "
" ကျေးဇူးတင်ပါတယ် "
အချိန်အတော်ကြာ ဖက်တွယ်ထားမိကြရင်း နှစ်ယောက်လုံးထံမှ စကားသံနှစ်ခုက တစ်ပြိုင်နက်တည်း ထွက်ပေါ်လာ၏။
ပထမစကားသံက မှန်သားဆီမှဖြစ်ကာ ဒုတိယစကားသံက ရာရာ့ထံမှဖြစ်လေသည်။
ပြိုင်တူဆိုမိသည့်စကားကြောင့် သူတို့နှစ်ယောက် တစ်ယောက်ကြည့်မိလိုက်၏။
အချစ်တွင်ပျော်ဝင်နေမိသည့် နှစ်ယောက်လုံးအကြည့်တို့ စူးစူးနစ်နစ် မေ့မေ့မူးမူး...
ပြုံးယောင်သန်းမိသွားကြသည့် မျက်ဝန်းတို့က အချင်းချင်း မလွဲဖယ်မိကြစတမ်း နစ်မျောနေမိကြရင်း...
" ရာရာ့ကို စောစောလက်မခံခဲ့မိလို့ "
" မယုံရဲတာတောင် ကိုယ့်ကိုချစ်ပေးခဲ့လို့ "
" မှန်သားက စိတ်ပျက်ဖို့ သိပ်ကောင်းခဲ့တယ်မဟုတ်လား အချိန်တွေလည်းအကြာကြီးစောင့်ခိုင်းခဲ့ပြီး ငြီးငွေ့စရာ..."
" မဟုတ်ဘူး ကိုယ့်ရဲ့သွားချွန်လေးက ချစ်ဖို့သိပ်ကောင်းတာပါ စောင့်ခိုင်းခဲ့တာမဟုတ်ဘဲ အနားမှာ ရှိနေခွင့်ပေးခဲ့တာ "
" မင်းကို မရေရာတဲ့ မျှော်လင့်ချက်တွေကြား ဗျာများအောင်လုပ်ခဲ့မိတာ မယုံမကြည်နဲ့ နာကျင်စေမိတယ် "
YOU ARE READING
Cupid's Compass (Completed )
RomanceCover- edited from Google Start Date - 22.2.22 End Date- 31.12.22 အချစ်ပါ... ဖို, မပဲဆိုငင်ပြီး ဖို, ဖိုချင်း မ,မချင်း တွန်းကန်ရအောင် သံလိုက်မဟုတ်ဘူး ရူပဗေဒ သဘောတရားတွေနဲ့ ကန့်သတ်နေရအောင် Loveက magnetမှမဟုတ်တာ အချစ်လား ရေလို ထည့်တဲ့ပုံစံခွက်အတိုင်း...