အပိုင်း -၂၁

3.1K 175 0
                                    

" ဟေ့လူ မင်း ငါ့အင်္ကျီကို ယူဝတ်ထားပြန်ပြီလား "

မိုးရေများကြားမှ ထွက်ပေါ်လာသော ဆူညံညံအသံအချို့

ကျောင်းများစဖွင့်၍ uniform ဝတ်ရချိန်နောက်ပိုင်းတွင် ဤပြဿနာက သွေးအေးတိုက်ပွဲအဖြစ်စတင်ခဲ့သည်။

လွင်ပြင်က အရပ်အနည်းငယ်ပိုပုသော်လည်း ရာရာနှင့် ကိုယ်လုံးကိုယ်ထည်အနေအထားသိပ်မကွာတာကြောင့် လွင်ပြင့်အင်္ကျီက ရာရာနှင့်အဆင်ပြေနေ၏။

အရိပ်ကား လွင်ပြင့်အင်္ကျီကို လစ်လျှင်လစ်သလို ခိုးယူပြီးဝတ်တတ်ပြီး အသန့်ကြိုက်သည့်လွင်ပြင် သိလျှင်ကား မပြီးနိုင်မစီးနိုင် ပြဿနာရှာတော့သည်။

ယခုလည်း မနက်စာစားပြီးနောက် ကျောင်းဝတ်စုံ မလဲခင် သန့်စင်ခန်းဝင်တတ်သည့်အကျင့်အရ လွင်ပြင်သန့်စင်ခန်းဝင်ပြီး ပြန်ထွက်လာချိန် အရိပ်က သူ့အင်္ကျီကို ယူဝတ်ထားပြီးနေလေပြီ။

ဖြစ်ပုံကား ဤသို့ဤပုံပင်။

" အင်းလေ ချစ်တေးရဲ့ ဟိုမှာ ချစ်တေးလေးဝတ်ဖို့ အသစ်တွေရှိသေးတယ်လေ အဲ့ဒါဝတ်လိုက်"

အရိပ်ကလည်း လွင်ပြင့်ဗီရိုလေးထဲမှ သပ်သပ်ရပ်ရပ်ခေါက်ပြီးသား အခြားဝတ်စုံများကိုလက်ညှိုးထိုးပြရင်း ဖြေလာ၏။

" ငါက ဝတ်စရာမရှိတော့လို့ပြောနေတာမှ မဟုတ်တာ ငါ့အင်္ကျီကိုယူဝတ်တာမကြိုက်ပါဘူးဆို "

ဟုတ်ပါသည်။
လွင်ပြင့်တွင် အဝတ်များပေါပါ၏။
ထို့အတူ အရိပ်တွင်လည်း အဝတ်များပေါသည်ကို လွင်ပြင်မြင်နေရပါ၏။

သို့ပါလျှက် အရိပ်ကိုက လွင်ပြင့်အင်္ကျီကို ယူ ယူဝတ်နေခြင်းပင်။

မိမိအဝတ်အစားများကို တစ်ဦးတည်းသော ညီမငယ်ကောင်းကင်ကိုပင် ပေးမထိ၊ မဝတ်စေခဲ့သည့်လွင်ပြင့်မှာ အရိပ်ကိုတော့ လက်ပါမက ခြေပါမြှောက်ထားရ၏။

ရွံသည်ဟုပြောရအောင်လည်း အရိပ်တွင် အနာတရနှင့် ဝက်ခြံကအစ ရှိမနေ၍ အပြောရကြပ်နေရသည်။

" ချစ်တေးလေးကလည်း "

" ဘာမှ ချစ်တေး မနေနဲ့ အခုတော့ထားတော့ နောက်နေ့ဆို ငါ့အင်္ကျီကိုယူဝတ်ရင် မင်းသေပြီ "

Cupid's Compass (Completed )Where stories live. Discover now