" ဒီနေ့တော့ ကန်တင်းဆီ မပြေးကြနဲ့တော့ ဒေါက်တာတို့ရေ child wardက ကလေးတွေနဲ့ ဆရာဝန်တွေအတွက် အလှူရှင်ရှိတယ် သိလား "မှန်သားတို့အဖွဲ့ မနက်ခင်း roundပြီးချိန်၌ စစ်စတာကြီး ဒေါ်သန်းနုနုက ဝဖိုင့်ဖိုင့်ခန္ဓာကိုယ်ကြီးကို မနိုင့်တနိုင်သယ်ပိုးရင်း သူတို့ဆီ သတင်းလာပို့ပါ၏။
ဒီကနေ့တော့ ဆေးရုံကန်တင်းဆီ အသွားလွတ်ပေတော့မည်။
" ဟုတ်လား မာမီကြီး ဝါတီးက ဘာတဲ့လဲ "
မှန်သားက မာမီကြီးကို ပြေးဖက်ရင်း ခပ်ချွဲချွဲလေး ဆိုလိုက်သည်။
စစ်စတာကြီး ဒေါ်သန်းနုနုက အသက်ငါးဆယ်ကျော်ဖြစ်ကာ မှန်သားတို့လို အလုပ်သင်ဆရာဝန်များအပေါ် အတော်ဂရုစိုက်ပြီး အစစအရာရာ ကူညီစောင့်ရှောက်ပေးတတ်သူမို့ မိခင်အလားပင်...
တစ်ဦးမေတ္တာ တစ်ဦးမှာဆိုသကဲ့သို့ပင် စစ်စတာကြီးကိုလည်း သူတို့အလုပ်သင်ဆရာဝန်များသာမက ခပ်ငယ်ငယ်အခြားဆရာဝန်များကလည်း လေးစားချစ်ခင်ကြ၏။
မှန်သားတို့ထက် အကြီးများမှအစ ရာရာတို့ အလုပ်သင်တစ်ဖွဲ့လုံးကလည်း စစ်စတာကြီး ဒေါ်သန်းနုနုအား မာမီကြီးဟု ပါးစပ်ကပင် မချကြ။
" ဒံပေါက်နဲ့ ရေခဲမုန့်ပါတဲ့ရှင် ဒံပေါက် မစားတဲ့သူအရေအတွက်ကိုမေးပြီး ထမင်းဘူးလည်း ပြင်ဆင်လာပါတယ်တဲ့တော် "
" ဟာ ကြိုက်ပြီ "
" ကဲ ဒါဖြင့် ဆရာတို့ ဆာပြီလား စားတော့မယ်ဆိုရင် ဒံပေါက်ဘူးတွေ လာပို့ခိုင်းလိုက်ရမလား "
စစ်စတာကြီး စကားသံအဆုံး ရာရာက လည်ပင်းမှ stethoscopeကို စားပွဲပေါ်ချလိုက်ကာ
မှန်သားကို မေးဆက်ပြလာရင်း" သွားချွန်လေး စားတော့မလား "
" ဟဲ့ ငါတို့လည်း ဗိုက်ပါ ပါတယ်နော် ဆာတတ်တယ် သိလား ရာသက်ပန်ရေ "
" အေးလေ အေးလေ တစ်စိတ်ရှိရင် မှန်သားကိုပဲ အရေးလုပ်ပြီး မေးနေတာ ငါတို့ကို ရှိတယ်တောင် ထင်ရဲ့လားမသိ "
မကျေမနပ် ပွစိပွစိထွက်လာသည့် သူငယ်ချင်းမ မြင့်မိုရ်ဦးနှင့် မေဘရဏီသော်တို့ကြောင့် ရာရာက ရယ်ပြလိုက်ရင်း
YOU ARE READING
Cupid's Compass (Completed )
RomanceCover- edited from Google Start Date - 22.2.22 End Date- 31.12.22 အချစ်ပါ... ဖို, မပဲဆိုငင်ပြီး ဖို, ဖိုချင်း မ,မချင်း တွန်းကန်ရအောင် သံလိုက်မဟုတ်ဘူး ရူပဗေဒ သဘောတရားတွေနဲ့ ကန့်သတ်နေရအောင် Loveက magnetမှမဟုတ်တာ အချစ်လား ရေလို ထည့်တဲ့ပုံစံခွက်အတိုင်း...