Grammarလေ့ကျင့်ခန်းများ ရေးနေရင်း ရုတ်တရက် လွင်ပြင့်ဗိုက်ထဲ၌ ထိုးနာလာ၏။နေ့လယ်ထမင်းချိုင့်တွင် ငရုပ်သီးများများ၊ မျှစ်နီနီနှင့် အချဉ်ကြော်ပါလာသည့်အပြင် သင်္ဘောသီးသုတ်ပါ ဝယ်စားလိုက်မိခဲ့သည်။
ယခုမူ လွင်ပြင့်ဗိုက်ထဲ၌ ချဉ်ကြော်နှင့် သင်္ဘောသီးတို့ သူနိုင်ကိုယ်နိုင် မဟာစစ်ပွဲကြီးကိုဆင်နွှဲနေကြလေပြီ။
လက်ထဲက နာရီကိုတစ်ချက်ကြည့်မိသည့်အခါ 4: 50 ကို ညွှန်ပြနေသည်မို့ အချိန်အရ ညနေစာသင်ချိန်ဖြုတ်ရန်က 10မိနစ်ခန့်အထိပင်လိုနေသေး၏။
လွင်ပြင်တို့ကျောင်းက ညနေ 5နာရီမှဆင်းကာ ရေချိုး၊ ညစာစားပြီး 7နာရီတွင် guideချိန်ပြန်စမည်ဖြစ်သည်။
သူ့ဗိုက်အနေအထားကလည်း ၁၀မိနစ်အထိ အောင့်ထားရန်မဟန်လေတော့...။
" May I go to outside teacher "
လွင်ပြင့်ခွင့်တောင်းသံအဆုံး ဆရာကြီးဦးအောင်က ခေါင်းတစ်ချက် ညိတ်ပြလာသည်မို့ အခန်းထောင့်နံရံတွင် ချိတ်ဆွဲထားသော 'ကျား ' စာတမ်းပါ လည်ဆွဲကဒ်ကလေးကို ခေါင်းမှစွတ်ချရင်း ထွက်လာလိုက်တော့၏။
အခန်းတိုင်းတွင် မိန်းကလေးအပြင်ထွက်ခွင့် ' မ' လည်ဆွဲကဒ်က နှစ်ကဒ်စီရှိသော်လည်း ' ကျား ' လည်ဆွဲကဒ်ကို တစ်ခုတည်းသာပေးထားပြီး တစ်ယောက်သာထွက်ခွင့်ပြုထားသည်မို့ အဖော်ခေါ်၍မရပါလေ.....
ယောကျာ်းလေးသန့်စင်ခန်းများက နှစ်ထပ်စာသင်ဆောင်ကြီး၏ အနောက်ဘက်မနီးမဝေးတွင် တည်ရှိနေသည်သာ...
ကျား သန့်စင်ခန်းများဆီ လွင်ပြင်အပြေးလေးသွားကာ ကိစ္စကြီးကို မနှေးအမြန် အရေးပေါ်ရှင်းလိုက်ရင်း...
"ဟူး အခုမှပဲ နေသာထိုင်သာရှိသွားတော့တယ် အမလေး ဗုဒ္ဓေါ "
Toiletခန်းရှေ့ basinတွင် ခေါင်းလေးတစ်ညိတ်ညိတ်နှင့် အကျအနလက်ဆေးရင်း ခပ်တိုးတိုးရေရွတ်နေသည့် လွင်ပြင်တစ်ယောက် ရုတ်တရက် မှန်ထဲပေါ်လာသည့်လူရိပ်ကြောင့် မတဖူးသော ဘုရားများကိုပင် ယောင်ယမ်းတ မိ၏။
YOU ARE READING
Cupid's Compass (Completed )
RomanceCover- edited from Google Start Date - 22.2.22 End Date- 31.12.22 အချစ်ပါ... ဖို, မပဲဆိုငင်ပြီး ဖို, ဖိုချင်း မ,မချင်း တွန်းကန်ရအောင် သံလိုက်မဟုတ်ဘူး ရူပဗေဒ သဘောတရားတွေနဲ့ ကန့်သတ်နေရအောင် Loveက magnetမှမဟုတ်တာ အချစ်လား ရေလို ထည့်တဲ့ပုံစံခွက်အတိုင်း...