အပိုင်း -၂၆

2.8K 175 7
                                    


သီတင်းကျွတ်ကျောင်းပိတ်ရက် ကုန်ဆုံး၍ ကျောင်းဖွင့်ရက်ပေမို့ ကျောင်းသားကျောင်းသူအားလုံး အဆောင်ဆီ ကိုယ်စီပြန်လာကြရလေပြီ။

ကားလေးပေါ်မှဆင်းကာ အဆောင်ဝန်းဆီဝင်လာသည့် နံ့သာခြေလှမ်းတို့သည် ဂြိုဟ်ကြီးကိုးလုံးစလုံးကို ဆွဲထားရသည့်နှယ်လေးလံနေ၏။

အထုပ်လေးတစ်ခုကိုဆွဲကာ လေးတိလေးကန်ခြေလှမ်းများဖြင့် ဝင်ရောက်လာသည့် နံ့သာ၏နှုတ်ခမ်းလေးစူထော်နေခြင်းမှာ လက်ထဲမှဟင်းထုပ်လေးက လေးလွန်း၍မဖြစ်တန်ရာ...

သို့သော် နံ့သာ၏မျက်နှာလေးမှာကား မြင်းမိုရ်တောင်တစ်ခုလုံးကို ရွက်ထားရသည့်နှယ် မအီမသာလေးလန်နေဟန်အပြည့်ပင်။

အဆောင်တွင်နေစဉ်က ရက်တို့သည်အလွန်ကြာညောင်းသော်လည်း အိမ်၌ ကျောင်းပိတ်ရက်ခုနှစ်ရက်သည် မည်သို့မည်ပုံ ကုန်ဆုံးသွားသည်ကိုပင် မသိနိုင်အောင်ပင်။

ကျောင်းပိတ်ပေးခဲ့သည်မှာ မနေ့တစ်နေ့ကလိုပင် ခံစားနေရဆဲ မဟုတ်ပါလား...

နံ့သာ ဟာသတစ်ခုကို ပြေးသတိရမိ၏။
ကမ္ဘာကြီးလုံးသည်ဟု သင်ကြားသောဆရာနှင့် ကမ္ဘာကြီးက ပြားကြောင်းပြောသော အဖေကြား ဗျာများသော ကလေးအကြောင်းပင်။

ကြံရာမရာသည့်အဆုံး ထိုကလေး ကောက်ဆိုလိုက်ပုံက
" ကမ္ဘာကြီးသည် ကျောင်းတွင်လုံး၍ အိမ်တွင်ပြားနေပါသည်" ဆိုသတဲ့...

အင်း အခုလည်း ဘာထူးလဲ
" အချိန်သည် အိမ်တွင်အကုန်မြန်၍ ကျောင်းတွင်နှေးနေပါသည်" ပေါ့..

နံ့သာ ကိုယ့်အတွေးနှင့်ကိုယ်ပြုံးရင်း ဆက်လျှောက်လာစဉ် ရုတ်တရက်နောက်မှကြားလိုက်ရသောအသံ

" နံ့သာလေး..."

"အမလေး ဗုဒ္ဓေါ ဘုရားကြီး ကြွ ကြွ ကြွ...!"

အလန့်လန့်အဖျပ်ဖျပ်ဖြင့် ယောင်လိုက်ပြီးမှမြင်လိုက်ရသော စွမ်းပိုင်ဝင့်ထည်ကြောင့် နံ့သာမျက်နှာလေးက တင်းမာသွားရ၏။

တစ်ဆက်တည်းမှာပင် ကျောင်းမပိတ်မီရက်တစ်ရက်ဆီ သူ(မ)အတွေးတို့က ပြန့်ကျဲသွားမိခိုက်...

Cupid's Compass (Completed )Where stories live. Discover now