ဓာတုဗေဒစာအုပ်ကြီးကိုကိုင်ရင်း စာကြည့်စားပွဲတွင်မှန်သား ငိုင်ငိုင်ကြီးထိုင်နေသည်။
ဓာတုဗေဒ formula တွေကို မြင်နေရသော်လည်း သူ့ခေါင်းထဲ မဝင်ပါ။
မှန်သား မျက်လုံးတို့က စားပွဲခုံပေါ်မှ ကွန်ပါဘူးးလေးကိုသာ ရောက်နေမိ၏။
ထို ကွန်ပါဘူးထဲတွင်တော့ မနက်က နာမည်မသိသော တစ်စုံတစ်ယောက် ပေးခဲ့သည့် ထောက်ချွန်လေး ရှိနေပါသည်။
မနက်ဖြန်ကျရင်တော့ သူနဲ့တွေ့မှာပဲ
အဲ့ကျမှ ပြန်ပေးလိုက်မယ်စာထဲကိုအာရုံမရောက်တော့တာကြောင့် ခုတင်ကြီးပေါ်ပစ်လှဲချရင်း မျက်လုံးအစုံကိုမှိတ်ပစ်လိုက်မိသည်။
မကြာမီ တည်ငြိမ်နေသောဝင်သက်ထွက်သက်နှင့်အတူ အိပ်ပျော်ခြင်းဆီသို့
အိပ်မက်ထဲတွင်တော့ ထောက်ချွန်လေးတစ်ချောင်းက ပါလာခဲ့လေသည်။
နောက်တစ်နေ့နံနက် ကျောင်းကိုရောက်သည်နှင့် မှန်သား တစ်စုံတစ်ယောက်ကို လိုက်ရှာနေမိသည်။
များမကြာခင် တစ်နေရာရာဆီ သွားနေသည့်သူကို လှမ်းမြင်လိုက်ရသည်။
လူကိုမြင်မှ ပြဿနာကစ၏။
သူ့အမည်ကို မှန်သားမသိပါလေ...မည်သို့ပင်ဆိုစေ ရှေ့မှသွားနေသူကို လှမ်းခေါ်မှရတော့မည်မို့ နောက်မှအပြေးလေးလိုက်ရင်း
" ဟေ့ ဟေ့ ဟိုတစ်ယောက် ..."
မှန်သား သူ့ကိုလှမ်းခေါ်လိုက်သော်လည်း သူက ကြားဟန်မတူပါ။
နာမည်တပ်ခေါ်ရန်ကလည်း မှန်သားက သူ့အမည်ကို မသိတာမို့ အခက်တွေ့ရသည်။
အရပ်ရှည်သလောက် ခြေလှမ်းကျယ်ပုံရသည့်ကောင်လေးနောက်ကို မှန်သားလိုက်နေပေမဲ့ လိုက်မမီနိုင်လောက်တော့။
" ဟေ့ ထောက်ချွန် "
အဲ...
အကျယ်ကြီး အော်ခေါ်လိုက်မိပြီးမှ မှန်သားမျက်လုံးပြူးသွားမိသည်။မှန်သား တစ်ခါမှ အခြားသူကို နာမည်ပြောင်မခေါ်ဖူးပါ။
ခေါ်မိတော့လည်း ထောက်ချွန်တဲ့။
YOU ARE READING
Cupid's Compass (Completed )
RomanceCover- edited from Google Start Date - 22.2.22 End Date- 31.12.22 အချစ်ပါ... ဖို, မပဲဆိုငင်ပြီး ဖို, ဖိုချင်း မ,မချင်း တွန်းကန်ရအောင် သံလိုက်မဟုတ်ဘူး ရူပဗေဒ သဘောတရားတွေနဲ့ ကန့်သတ်နေရအောင် Loveက magnetမှမဟုတ်တာ အချစ်လား ရေလို ထည့်တဲ့ပုံစံခွက်အတိုင်း...