ပဲခူးဆည်၏ ညနေခင်းအလှက ရင်သပ်ရှုမောစရာ...
ပြာလဲ့လဲ့မိုးကောင်းကင်ထက် ပြန့်ကျဲနေသည့် အလင်းရောင်လျော့စ နေမင်းကြီးဆီမှ လိမ္မော်ရောင် အလင်းရောင်အချို့...
ထိုအလင်းရောင်ကြောင့် ကောင်းကင်ပြင်ထက် ဟိုတစ်စ ဒီတစ်စကျဲလွင့်နေသည့်တိမ်မျှင်တန်းတို့ကပါ နီပြေပြေအရောင်ကိုဆောင်လျှက်။
ညနေဆည်းဆာ၏လွှမ်းမိုးမှုအောက်ဝယ် ပြာလဲ့လဲ့ရေပြင်ကပင် အနည်းငယ်နီရောင်သန်းချင်နေလေ၏။
ဆည်ပတ်လမ်းတစ်လျှောက် လူသွားလူသွားလည်း အတော်ကြဲနေလေပြီဖြစ်သည်။
ရေကူးနေသည့် လူနှစ်ယောက်စ သုံးယောက်စ၊ ဆည်ဘောင်တစ်လျှောက် လမ်းလျှောက်နေသည့် လူတစ်ဦး နှစ်ဦးမှလွဲ၍ လူသူကင်းမဲ့စွာ။
ထိုနည်းပါးလှသည့် လူများကြား သဲမြေပြင်တစ်လျှောက် ခပ်ဖြေးဖြေးလက်လျှောက်နေသည့် ကောင်လေးနှစ်ဦးလည်းအပါအဝင်ပင်...
လှိုင်းကြီးတစ်ချက်ပုတ်လိုက်လေတိုင်း လှိုင်းကြက်ခွပ်လေးများက သူတို့ခြေဖျားဆီ စည်းချက်ညီညီ လာရောက်ထိခတ်သည်။
YOU ARE READING
Cupid's Compass (Completed )
RomanceCover- edited from Google Start Date - 22.2.22 End Date- 31.12.22 အချစ်ပါ... ဖို, မပဲဆိုငင်ပြီး ဖို, ဖိုချင်း မ,မချင်း တွန်းကန်ရအောင် သံလိုက်မဟုတ်ဘူး ရူပဗေဒ သဘောတရားတွေနဲ့ ကန့်သတ်နေရအောင် Loveက magnetမှမဟုတ်တာ အချစ်လား ရေလို ထည့်တဲ့ပုံစံခွက်အတိုင်း...