အပိုင်း- ၂၄

2.9K 187 2
                                    


နောက်ဘက်က ခေါ်သံများကို လျစ်လျူရှုရင်း လွင်ပြင် အိပ်ဆောင်ဘက်ဆီပြေးလာမိသည်။

ပြေးသည်။
တရှိန်ထိုး ပြေးနေမိသည်။
နောက်ဘက်မှအသံများနှင့် ဆန့်ကျင်ဘက်ဆီ...

" ပိစိ..."

ရုတ်တရက် ဖမ်းကိုင်ခံလိုက်ရသော လက်တစ်စုံကြောင့် လွင်ပြင့်ခြေလှမ်းများက အရှိန်သေသွားသောစက်တစ်ခုနှယ် ရပ်တန့်လျှက်။

" ငါ ငါ တောင်းပန်ပါတယ် ပိစိရယ် ငါ မသိလို့ပါ "

" ငါ့ကိုလွှတ် "

ဆုပ်ကိုင်ထားသော အရိပ်လက်ကို လွင်ပြင်ခါထုတ်လိုက်ရင်း ရှေ့ဘက်ဆီဆက်သွားနေလိုက်သည်။

" ပိစိရာ စိတ်မဆိုးပါနဲ့တော့ "

"....."

" ပိစိ ပိစိရေ..."

" ......"

လွင်ပြင်က ရှေ့တူရှုကိုသာတည့်တည့်ကြည့်ရင်း ခြေလှမ်းကြဲများဖြင့် လျှောက်နေသလို အရိပ်ကလည်း ဘေးမှ တဖွဖွခေါ်နေမြဲ။

အရိပ်သိနေတယ်
ပိစိ သူ့ကို စိတ်ဆိုးနေတုန်းပဲ...

" ပိစိ "

အရိပ် ဘေးနားမှလွင်ပြင့်ပခုံးကို ခပ်ဖွဖွလှမ်းဆုပ်ကိုင်ရင်း ထပ်ခေါ်လိုက်ချိန် လွင်ပြင့်ခြေလှမ်းတို့ ရပ်တန့်သွားရပြန်သည်။

" မင်း ဘယ်လိုဖြစ်နေလဲ "

" မနေတတ်လို့ ချော့နေတာလေ ပိစိက စိတ်ဆိုးနေတာကို "

" မင်းမေလင်ကြီး မနေတတ်ရင် လဲသေလိုက် "

လွင်ပြင့်အသံကလည်း အက်ကွဲမာကျောလျှက်...

" တကယ်တောင်းပန်တယ် ပိစိရာ ငါ့ကိုစိတ်မဆိုးပါနဲ့နော် ငါမနေတတ်ဘူးလေ ငါ့ကိုတော့ စိတ်မဆိုးနဲ့တော့နော် "

" ဖယ်စမ်းပါ "

" ပိစိရေ စိတ်ပြေပါတော့နော် တောင်းပန်တယ်လေ"

" မလိုဘူး "

လွင်ပြင် အရိပ်လက်ကို ဒုတိယအကြိမ်ပုတ်ထုတ်ကာ ရှေ့ဆက်သွားလိုက်ချိန်...

ဒုန်း ဒုန်း ဒုန်း!

နောက်ဘက်ဆီက အသံများကြောင့် လွင်ပြင်လှည့်ကြည့်မိချိန် ကျောင်းအုတ်နံရံကို လက်သီးဖြင့်ပြေးထိုးပစ်သောအရိပ်...

Cupid's Compass (Completed )Where stories live. Discover now