အပိုင်း -၁၉

1.1K 29 0
                                    


မိုး​များက သည်း​နေသည်​။

ကောင်းကင်​တစ်​ခွင်​လုံး မှိုင်းရီ​ဝေဆဲ။

လေများကလည်း တဟူးဟူးတိုက်​ခတ်​​လျှက်​။

အုန်းပင်​နှင့်​ကျွန်းပင်​ကြီးများမှာ ​လေထဲယိမ်းထိုး​နေ၏။

အနီးနားရှိ ခ​ရေပင်​ကြီးဆီမှ လက်​လက်​ဆက်​ဆက်​ ခ​ရေပန်းနံ့​လေးက သင်းပျံ့​မွှေးကြိုင်​စွာ...

" ချမ်းလိုက်​တာ "

မိုး​ရေမစိုထား​သော်​လည်း မှန်​သားခမျာ မိုးရိပ်​​ကြောင့်​ ချမ်းလာရှာသည်​ထင့်​။

လက်​က​လေးနှစ်​ဖက်​ကိုအသာပိုက်​ရင်း ပခုံး​လေးကိုလည်း စုကျုံ့ထား၏။

" အရမ်းချမ်း​နေလား မှန်​​လေး "

" အွန့်​..."

ခေါင်း​လေးနှစ်​ချက်​ ဆက်​ခါညိတ်​ပြရင်း နှုတ်​ခမ်း​လေးကလည်း အသံထွက်​သည်​ဆိုရုံ အွန့်​ခနဲ အသံပြုလာပါ​သော မှန်​​လေး...

ထိုအချိန်​ ရာရာ့အ​တွေးထဲ မြင်ေ​ယာင်​လာ​မိသော မြင်​ကွင်းတစ်​ခု...

အခြားမဟုတ်​...

ကိုရီးယား ဒရမ်​မာ​ထဲမှ မင်းသမီးချမ်း​နေချိန်​ စတိုင်​လ်​မိုက်​မိုက်​နှင့်​ သူ့ကုတ်​ကြီးကို ခြုံ​ပေးကြသည့်​ မင်းသား၏ပုံရိပ်​ပင်​...

ရာရာ ချက်​ချင်းပင်​ သူ့အ​နွေးထည်​ကို မှန်​​လေးဆီ လွှမ်းခြုံ​ပေးလိုက်​သည်။
သူ့ရဲ့ မှန်​​လေးချမ်း​နေရှာတယ်​​လေ

ရာရာ အ​နွေးထည်​​လေးကို အသာအယာခြုံ​ပေးလိုက်​​သည့်​အခါ မှန်​​လေးက အံ့အားသင့်​စွာ ​မော့ကြည့်​လာ​ပေမဲ့ ဘာမှ​တော့မ​ပြော။

" ​အေး​နေရင်​ ခြုံထား​လေ​နော်​ "

ရာရာ ​ပြောလိုက်​​တော့ ​ခေါင်း​လေးအသာညိတ်​ရင်း ပြုံးပြလာ၏။

အေးချမ်း​နွေး​ထွေးလိုက်​သည့်​ အပြုံး​လေးပါပဲ။

ကိုယ်​ကြိုက်​တဲ့ သီချင်း​လေးတစ်​ပုဒ်​ရှိတယ်​...

အခု​တော့ ​တေး​ရေးဆရာကို စာသားပြင်​​ပေးပါလို့ အသနားခံစာနဲ့ ​တောင်းဆိုရ​တော့မလို ဖြစ်​​နေရပြီ ကိုယ့်​ရဲ့မှန်​​လေးရယ်​...

Cupid's Compass (Completed )Onde histórias criam vida. Descubra agora