အပိုင်း - ၅၀

2.9K 187 4
                                    

ရိုးတွင်းခြင်ဆီအစားထိုးပြီးနောက် မာမီက အတော်လေး သက်သာလာ၏။

လူကောင်းပကတိအလား လန်းလန်းဆန်းဆန်းရှိနေပုံကိုမြင်ရမှ သက်ပြင်းသံသဲ့သဲ့ကိုချလိုက်ရသည်။

ဆေးရုံ၌ တစ်ပတ်ခန့်သာထပ်နေရပြီး အိမ်ပြန်ခွင့်ရသည့်အခါ ဆေးရုံကိုမုန်းနေသည့်မာမီ့မှာ ဖုံးမရဖိမရပြုံးပျော်နေတော့၏။

အိမ်တွင်သာ ခဏအနားယူပြီး ခြောက်လအထိ အပြင်လူနာအဖြစ် ဆေးလာပြသရန်တော့ ဒေါ်လေးမြတ်က မှာလိုက်သေးသည်။

ကျောင်းပိတ်ရက်အတွင်း ယခင်က နေ့တိုင်းဆက်သွယ်ဖြစ်သည့် နံပါတ်လေးတစ်ခုက တစ်ပတ်တစ်ကြိမ်၊ ဆယ်ရက်တစ်ကြိမ်ခန့်သာ အသက်ဝင်လာတော့သည်မှလွဲ၍ အရာရာသည် ယခင်အတိုင်းသာ...

ကိုကိုက ရာသီဥတုသာယာသည့်တစ်နေ့၌ မာမီ့ကျန်းမာရေးအကြောင်းမေးရင်း လွင်ပြင့်ထံသို့ စတင်ဆက်သွယ်လာလေခဲ့၏။

မာမီ့ကျန်းမာရေးကြောင့် လွင်ပြင် စိတ်အဆင်မပြေသည်ကို ကြားထား၍ထင်ပါသည်။

မာမီ့သတင်းနှင့် အခြားထွေရာလေးပါးတို့ကိုသာပြောရင်း ဖုန်းချခါနီးတွင် ပြောခဲ့သည့်စကားသံက

" နှစ်ယောက်ကြားက ဆက်ဆံရေးကို မင်း အဆင်ပြေသလိုသာ သတ်မှတ်လိုက်ပါ " ဟူ၍သာ...

ခပ်တိမ်တိမ်စကားသံကြောင့် သူ့မှာ ရှိုက်ငိုမိမတတ်...

ကိုကိုကတော့ ကိုကိုပါပင်...
နောက်ထပ်ပြောလာသည့်စကားသံက...

" ဒီစကားက ကိုကို မင်းကို စွန့်လွှတ်လိုက်တာမဟုတ်လို့ အချိန်မရွေး မင်းသာဆန္ဒရှိရင် အချိန်မရွေး ပြန်လာလို့ရတယ် သိတယ်မဟုတ်လား ဒီရင်ခွင်က မင်းအတွက်ဆို တံခါးမရှိ၊ ဓားမရှိပဲ "

ထိုစကားသံအဆုံး လွင်ပြင်မနေနိုင်တော့...
အသံကို muteလိုက်ကာ ရှိုက်ကြီးတငင်ငိုမိခဲ့၏။

နောက်ရက်များတွင်လည်း ကိစ္စကြီးငယ်ရှိလာချိန်တို့၌ အဆက်အသွယ်မပြတ်ရှိနေခဲ့ကြသည်မှာ ကိုကို ဖုန်းဆက်ချိန်ကပြောခဲ့သည့် စိတ်သက်သာရာရစေသော ထိုစကားလုံးတို့ကြောင့်လေလား...

Cupid's Compass (Completed )Where stories live. Discover now