အပိုင်း - ၄၃

861 25 6
                                    


"အား.....!"

အချိန်​အားဖြင့်​ မနက်​ ၄နာရီခန့်

စူးစူးဝါးဝါး ထ​​အော်​လိုက်​သံ​ကြောင့်​ ရာရာလန့်​နိုးလာ၏။

တစ်​ဖက်​ခုတင်​ဆီအကြည့်​ပို့မိ​တော့ ​ကြောက်​လန့်​​နေဟန်​ဖြင့်​ မှန်​သားက တဆက်​ဆက်​တုန်​​နေရှာသည်​။

" သွားချွန်​​လေး သွားချွန်​​လေး ဘာဖြစ်​လို့လဲဟင်​ "

မှန်​​သားအနားတိုးကပ်​သွားမှ သူ အ​တော်​​ကြောက်​​နေရှာမှန်းသတိပြုမိရ၏။

မှန်​​လေးက တစ်​ကိုယ်​လုံး ​ရေချိုးထားသည့်​နှယ်​ ရွှဲရွှဲစို​​နေကာ အသက်​ရှူသံများလည်း မြန်​​နေရှာသည်​မို့ ရာရာ အနားမှ tissueဘူးကိုဆွဲကာ မှန်​သားမျက်​နှာတစ်​ဝိုက်​ဆီ ခပ်​ဖွဖွ​လေးသုတ်​​ပေးရင်း လက်​တစ်​ဖက်​ကလည်း မှန်​သား​ကျော​လေးကို ခပ်​ဖွဖွပုတ်​​ပေးလိုက်​ရသည်​။

" ​ရေ ​ရေ​သောက်​မလားဟင်​ "

ရာရာ ​ပြောလည်း​ပြော ​ရေသန့်​ဘူးတစ်​ဘူးကိုလည်း ဆွဲယူကာ ​ရေတစ်​ခွက်​ငှဲ့ပေးလိုက်​သည့်​အခါလည်း တစ်​ခွက်​လုံးကုန်​​အောင်​​သောက်​ရှာ၏။

ရေ​သောက်​ပြီးချိန်​​တော့ အသက်​ရှူသံအနည်းငယ်​ တည်​ငြိမ်​သွားသည်​မို့ ​ဘေးမှရာရာပါ အသက်​ရှူ​ချောင်​သွားရသည်​။

" အဆင်​​ပြေလားဟင်​ အိပ်​မက်​ဆိုးမက်​​နေတာလား "

"အင်း အိပ်​မက်​မက်​​နေတာ အ​တော်​ဆိုးတဲ့အိပ်​မက်​..."

မှန်​သားပုံစံ​လေးက အခုထိ အိပ်​မက်​ကို​ကြောက်​လန့်​​နေပုံပင်​...

" သွားချွန်​​လေး အခု အဝတ်​လဲပစ်​​နော်​ ​ချွေးနဲ့ အ​အေးပတ်​​နေမယ်​ "

ရာရာက မှန်​သားအဝတ်​အစားအိတ်​ထဲမှ အင်္ကျီနှင့်​ ပုဆိုးတစ်​ထည်​ထုတ်​​ပေးရင်း​ ပြောလိုက်​​တော့ မှန်​သားက ခပ်​​ငေး​ငေး​လေးပြန်​ကြည့်​လာ၏။

" ဒီ​နေရာမှာပဲလဲလိုက်​ ပုဆိုးထုတ်​​ပေးထားလို့ အဆင်​​ပြေမှာပါ "

ရာရာ အသာအယာပြုံးရင်း​ပြောလိုက်​​တော့ မှန်​သားက ​ခေါင်းညိတ်​ပြလာ၏။

Cupid's Compass (Completed )Where stories live. Discover now