အပိုင်း - ၅၂

2.8K 180 2
                                    

အသိမိတ်ဆွေတစ်ဦး၏ သားဖြစ်သူ မင်္ဂလာပွဲရှိသည်မို့ ပန်းဖွဲ့ကြေးမုံနှင့် ပန်းမြတ်သဇင်တို့ သမီးယောက်မနှစ်ဦး ကားတစ်စီးဖြင့် ရန်ကုန်မြို့သို့ရောက်လာခဲ့၏။

ရန်ကုန်မြို့ဆီရောက်လက်စနှင့် ပန်းဖွဲက ကုမ္ပဏီအတွက် လိုအပ်သည့်ပစ္စည်းများကြည့်ရန် တွေးထားမိကာ သဇင်ကလည်း ရန်ကုန်မြို့ဆီခေတ္တရောက်နေသည့် USမှ professorဆရာကိုပါ တွေ့ဆုံရန်ဆန္ဒရှိနေသည်မို့ သမီးယောက်မနှစ်ဦးလုံး ဟိုတယ်တစ်ခုတွင် တည်းဖြစ်လိုက်ကြသည်။

မင်္ဂလာပွဲက sedonaတွင် တစ်နေ့လုံးကျင်းပကာ ညဘက်၌လည်း wedding dinner partyစီစဉ်ထားသေးသည်မို့ ပန်းဖွဲ့တို့ကို တားဆီးနေသော်လည်း မနေဖြစ်ပါလေတော့...

လူငယ်များ၏ပါတီဖြစ်၍ ဝင်မရှုပ်ချင်သည်ကတစ်ကြောင်း၊ ခရီးပန်းလာသည်က တစ်ကြောင်းကြောင့် ယဉ်ကျေးစွာငြင်းဆန်ဖြစ်ခဲ့၏။

ညနေ အနည်းငယ်စောသေးသည်မို့ တည်းခိုမည့်ဟိုတယ်ဆီမသွားမီ သားတို့ဆေးရုံသို့ သမီးယောက်မနှစ်ဦး စိတ်တူကိုယ်တူ ထွက်လာမိကြသည်။

သားသား ဆေးတက်နေသည့်တစ်လျှောက်လုံးလည်း ရန်ကုန်သို့ အကြောင်းကိစ္စရှိ၍ရောက်ဖြစ်လေတိုင်း ဝင်နေကြမို့ ဖုန်းမဆက်ဘဲ ရောက်လာဖြစ်သည်က သူ(မ)ကို သွေးတိုးစေရန် အကြောင်းဖန်လာခဲ့ခြင်းမှန်း မသိခဲ့ပါလေ...

ဝိုးတဝါးသာကျန်ရှိတော့သည့် မှိန်ဖျော့ဖျော့အလင်းရောင်အောက်၌ မြင်လိုက်ရသည့်မြင်ကွင်းက သူ(မ)တစ်ကိုယ်လုံးကို အေးစက်တောင့်ခဲသွားစေ၏။

ရယ်ရယ်မောမောဖြင့် လမ်းလျှောက်လာသည့် ဂျူတီကုတ်ဝတ်ကောင်ငယ်လေးနှစ်ဦးက သားဖြစ်သူနှင့် သား၏သူငယ်ချင်းကောင်လေးဖြစ်ကြောင်း အဝေးမှပင် ပန်းဖွဲ့သတိထားမိသည်။

ကားလေးကိုအရှိန်လျှော့ကာ ငေးကြည့်နေဆဲ ရှေ့မှကောင်လေးနှစ်ဦးက သူ(မ) မထင်ထားမိသည့် အပြုအမူတစ်ခုကို ပြုလုပ်လိုက်လေသည်။

သားဖြစ်သူလက်ကို ရုတ်တရက် နမ်းရှိုက်လိုက်သည့် သား၏သူငယ်ချင်း...

ထိုကောင်လေး၏နဖူးကို လှစ်ခနဲပြန်နမ်းလိုက်ကာ ထွက်ပြေးလာသည့် သားဖြစ်သူ...

Cupid's Compass (Completed )Where stories live. Discover now