ဆောင်းရာသီ၏ နွေးထွေးသည့် နေ့လယ်ခင်းနေရောင်ခြည်အောက်၌ အဝေးပြေးလမ်းမထက်တွင် ပြေးလွှားနေသည့်ကားလေးက ပဲခူးမြို့နှင့်ပင် နီးကပ်လာလေပြီမို့ မှန်သားအိတ်ထဲမှဖုန်းလေးကိုထုတ်ရင်း မာမားဆီ ဖုန်းဆက်လိုက်သည်။
" Hello မာမား သားတို့ မြို့ထဲဝင်တော့မယ် "
" အင်းအင်း ရောက်တော့မှာလား သားသား စိတ်မပူနဲ့ အကြိုလွှတ်ထားပြီနော် "
" ဟုတ် ဟုတ် "
မာမားအဖြေကြောင့် မှန်သားမျက်မှောင်လေးကုတ်လိုက်မိသော်လည်း အထွန့်မတတ်မိပါလေတော့...
အခွဲများစွာနှင့် ပင်မကုမ္ပဏီကြီးနှစ်ခုကို ဦးစီးနေရသည့်အမျိုးသမီးမို့ မာမားတွင် အချိန်မအားလပ်သည်ကို နားလည်ပေးသင့်သည်မဟုတ်ပါလား....
မကြာမီ မှန်သားလိုက်ပါလာသည့် busလေးက ပဲခူးမြို့ကားဂိတ်၌ ရပ်တန့်သွားချိန် လက်ထဲမှအထုတ်အပိုးများကို မနိုင်မနင်းသယ်မရင်း ကားပေါ်မှဆင်းလာရ၏။
မှန်သား၏ အဝတ်နှင့်အသုံးအဆောင်များအပြင် ဒေသထွက်မြေပဲဆီ၊ နှမ်းဆီနှင့် ရက်ကန်းထည်အချို့နှင့် အခြားလက်ဆောင်ပစ္စည်းများကိုပါ မှန်သား အားနာနာဖြင့် တားနေသည့်ကြားမှ မရမကထည့်ပေးလိုက်သည်မို့ အထုပ်အပိုးက လေး ငါး ခုပင်မက...
လာကြိုမဲ့သူက ဘယ်မှာပါလိမ့်..
အထုတ်များကို ကပျာကယာသယ်ချကာ အကြိုလွှတ်သူကို ဝေ့ဝဲရှာကြည့်လိုက်မိခိုက် လက်ထဲမှအထုပ်လေးကို လာဆွဲသူကြောင့် မှန်သားမျက်ဝန်းလေးများ ဝိုင်းစက်သွားရရင်း...
" ရာရာ "
" ဟုတ်ကဲ့ မှန်သားကြေးမုံကို ရာသက်ပန်ချစ်သွားမဲ့ ရာသက်ပန်ပါဗျ "
ခပ်တည်တည်ဖြေလာသည့် ရာရာ့စကားကြောင့် မှန်သားပြုံးလိုက်မိကာ...
YOU ARE READING
Cupid's Compass (Completed )
RomanceCover- edited from Google Start Date - 22.2.22 End Date- 31.12.22 အချစ်ပါ... ဖို, မပဲဆိုငင်ပြီး ဖို, ဖိုချင်း မ,မချင်း တွန်းကန်ရအောင် သံလိုက်မဟုတ်ဘူး ရူပဗေဒ သဘောတရားတွေနဲ့ ကန့်သတ်နေရအောင် Loveက magnetမှမဟုတ်တာ အချစ်လား ရေလို ထည့်တဲ့ပုံစံခွက်အတိုင်း...