အပိုင်း- ၄၇

2.7K 157 7
                                    

" ဟင် ဒါကဘာလဲ "

စာအုပ်ကြား ညှပ်ထားပုံရသည့် ဓာတ်ပုံအချို့ကပါ တမံတလင်းထက်ကျနေသည်မို့ သူကောက်ယူလိုက်လေသည်။

ဆေးရောင်စုံဓာတ်ပုံရှိ အချို့နေရာများက ကွက်၍ဆေးပြယ်နေ၏။

နီညိုရောင်ဆံပင်ရှည်ရှည်၊ မျက်အိမ်ကျယ်ကျယ်ဖြင့် ခပ်ချောချောအမျိုးသမီးက ဒယ်ဒီ့စားသောက်ဆိုင်မှ အလုပ်ထုတ်လိုက်သည့် မန်နေဂျာမှန်း လွင်ပြင်မှတ်မိလိုက်သည်။

ထို့ထက်ထူးသည်က ဓာတ်ပုံ၏အနေအထားပင်။
မီးရောင်ခပ်မှိန်မှိန်ကြား ထိုမန်နေဂျာအစ်မကို ထွေးပိုက်ထားသည့်နောက်ကျောပြင်...

ရင်းနှီးနေသည့် ဤကျောပြင်က ဒယ်ဒီ့ကျောပြင်မှန်း သူ အလိုလိုသိလာရသည်။

လွင်ပြင် တုန်တုန်ရီရီဖြင့် နောက်ထပ်ဓာတ်ပုံကို ထပ်ကြည့်လိုက်မိပြန်သည့်အခိုက်...

ဒီတစ်ပုံကတော့ အခြားတစ်ယောက်
လှိုင်းတွန့်ခပ်ကြီးကြီးဆံနွယ်လုံးများနှင့် မိန်းကလေးက ဒယ်ဒီကိုဖက်သိုင်းထားသည်မှာ ပိုင်စိုးပိုင်နင်း...

ဖက်ထားသည့်မိန်းမပျိုကို မသိသော်လည်း ဒယ်ဒီ့အဆက်လေးပဲထင်ပါရဲ့...

နောက်ထပ်ဓာတ်ပုံဆီအရောက် လွင်ပြင့်မျက်လုံးများ အနည်းငယ်စုကျုံ့သွားရ၏။

စူးရှရှမျက်ဝန်းများ၊ ခပ်ထူထူမျက်ခုံးတန်းနှင့် ထူထူထဲထဲ နှုတ်ခမ်းတို့က တစ်စုံတစ်ယောက်နှင့် ဆင်တူလွန်းလှသည်။

ရင်ထဲဒိန်းခနဲဖြစ်သွားရကာ ဓာတ်ပုံကိုစူးစူးစိုက်စိုက်ပြန်ကြည့်လိုက်မိ၏။

သေချာပါသည်။
ကြည့်လေသေချာလေဖြစ်လာသည်မို့ ကိုယ့်မျက်လုံးများကိုပင် ကိုယ်ဖောက်ထုတ်ချင်မိသည်အထိ...

ကိုကိုတစ်ခါပြဖူးသည့် ဓာတ်ပုံထဲမှ ကိုကို့မာမီဆိုသည့်အမျိုးသမီး...

သူသဘောကျရသည့် ကိုကို့မျက်ဝန်များ၊ နှုတ်ခမ်းများနှင့်ဆင်တူလွန်းသည်မို့ တစ်ကြိမ်တည်းနှင့် မှတ်မိနိုင်သည့် ထိုအမျိုးသမီး...

သူ(မ)က ဒယ်ဒီ့ရင်ခွင်ထဲဝင်ကာ ငိုနေဟန်ရှိပြီး ဒယ်ဒီကတော့ ရင်ခွင်ထဲက ထိုအမျိုးသမီးကိုငုံ့ကြည့်ရင်း ပခုံးကိုဖက်ကာ နှစ်သိမ့်နေဟန်ပင်။

Cupid's Compass (Completed )Onde histórias criam vida. Descubra agora