အပိုင်း -၅၁

1K 28 6
                                    


" ဒီ​နေ့​တော့ ​ကန်​တင်းဆီ​ မ​ပြေးကြနဲ့​တော့ ဒေါက်​တာတို့​ရေ child wardက က​လေး​တွေနဲ့ ဆရာဝန်​​တွေအတွက်​ အလှူရှင်​ရှိတယ်​ သိလား "

မှန်​သားတို့အဖွဲ့ မနက်​ခင်း roundပြီးချိန်​၌ စစ်​စတာကြီး ​ဒေါ်သန်းနုနုက ဝဖိုင့်​ဖိုင့်​ခန္ဓာကိုယ်​ကြီးကို မနိုင့်​တနိုင်​သယ်​ပိုးရင်း သူတို့ဆီ သတင်းလာပို့ပါ၏။

ဒီက​နေ့​တော့ ​ဆေးရုံကန်​တင်းဆီ အသွားလွတ်​​ပေ​​တော့မည်​။

" ဟုတ်​လား မာမီကြီး ဝါတီးက ဘာတဲ့လဲ "

မှန်​သားက မာမီကြီးကို ​ပြေးဖက်​ရင်း ခပ်​ချွဲချွဲ​လေး ဆိုလိုက်​သည်​။

စစ်​စတာကြီး ​ဒေါ်သန်းနုနုက အသက်​ငါးဆယ်​​ကျော်​ဖြစ်​ကာ မှန်​သားတို့လို အလုပ်​သင်​ဆရာဝန်​များအ​ပေါ် အ​တော်​ဂရုစိုက်​ပြီး အစစအရာရာ ကူညီ​စောင့်​​ရှောက်​ပေးတတ်​သူမို့ မိခင်​အလားပင်​...

တစ်​ဦး​မေတ္တာ တစ်​ဦးမှာဆိုသကဲ့သို့ပင်​ စစ်​စတာကြီးကိုလည်း သူတို့အလုပ်​သင်​ဆရာဝန်​များသာမက ခပ်​ငယ်ငယ်​အခြားဆရာဝန်​များကလည်း ​လေးစားချစ်​ခင်​ကြ၏။

မှန်​သားတို့ထက်​ အကြီးများမှအစ ရာရာတို့ အလုပ်​သင်​တစ်​ဖွဲ့လုံးကလည်း ​စစ်​စတာကြီး ​ဒေါ်သန်းနုနုအား မာမီကြီးဟု ပါးစပ်​ကပင် ​မချကြ။

" ဒံ​ပေါက်​နဲ့ ​ရေခဲမုန့်​ပါတဲ့ရှင်​ ဒံ​ပေါက်​ မစားတဲ့သူအ​ရေအတွက်​ကို​မေးပြီး ထမင်းဘူးလည်း ပြင်​ဆင်​လာပါတယ်​တဲ့​တော်​ "

" ဟာ ​ကြိုက်​ပြီ​ "

" ကဲ ဒါဖြင့်​ ဆရာတို့ ဆာပြီလား စား​တော့မယ်​ဆိုရင်​ ဒံ​ပေါက်​ဘူး​တွေ လာပို့ခိုင်းလိုက်​ရမလား "

စစ်​စတာကြီး စကားသံအဆုံး ရာရာက လည်​ပင်းမှ stethoscopeကို စားပွဲ​ပေါ်ချလိုက်​ကာ မှန်​သားကို ​မေးဆက်​ပြလာရင်း

" သွားချွန်​​လေး စား​တော့မလား "

" ဟဲ့ ငါတို့လည်း ဗိုက်​ပါ ပါတယ်​​နော်​ ဆာတတ်​တယ်​ သိလား ရာသက်​ပန်​​ရေ "

Cupid's Compass (Completed )Where stories live. Discover now