နေ့လယ် 12နာရီတွင် ထမင်း ကျောင်းဆင်းပေးသည့်အခါ အချိန်လုရမည့် ယခင်ဆယ်တန်းကျောင်းသားများက ရေးကြီးသုတ်ပျာဖြင့်ထွက်လာကြ၍ ခါချဉ်အုံ တုတ်နှင့်ထိုးလိုက်သည့်နှယ် ခဏချင်းအတွင်း ကျောင်းဝန်းတစ်ခုလုံး ရဲရဲတွတ်သွားတော့သည်။
ဒီလိုဖြစ်တာလည်းမဆန်း...
လူရည်ချွန်ကိုယ်ပိုင်ကျောင်း၏ ဝတ်စုံကလည်း အဖြူ အနီဖြစ်နေသည်ကိုး...
ယောက်ျားလေးများက collarပါသော ရှပ်အင်္ကျီဖြူကို ဘောင်းဘီရှည်အနီနှင့် တွဲဝတ်ရပြီး အနီရောင်တွင် အနက်အစင်းပါသည့် necktieတပ်ရသည့်ပုံစံ။
မိန်းကလေးများက ကော်လာအဝိုင်းပါသည့် ရင်စေ့ လက်ရှည်အဖြူ ခါးတိုကို အနီရောင်တွင် အနက်စင်းကြားများပါသော ဒူးဖုံးစကတ်နှင့်မို့ တစ်မျိုးတစ်ဖုံ ချစ်စရာ့အသွင်။
ကိုယ်ပိုင်ကျောင်းမှ နှစ်စုံချုပ်ပေးမည်ဖြစ်ပြီး ကျောင်း၏ uniform စံချိန်အတိုင်း ကိုယ်တိုင်လည်း ထပ်ချုပ်ခွင့်ပြုထားသည်။
ရာရာတို့ကမူ အခုနေ့မှ စတက်ရသည်မို့ ဝတ်စုံမရသေးသလို ချုပ်လည်းမချုပ်ရသေးပါ။
ပြန်ရမည့်အဆောင် မတူတာမို့ သူတို့ကိုပြုံးပြီး ထ ထွက်သွားသည့် နံ့သာလည်း မိန်းကလေး သူငယ်ချင်းအသစ်ရနေပြီထင်ပါ၏။
ဘေးတွင်လည်း မိန်းကလေးနှစ်ယောက်နှင့် အတူတူပါသွားသည်မဟုတ်ပါလား...
" မြန်မြန်လာလေ ပိစိ ကြာလိုက်တာ "
စာအုပ်ကို အသေအချာထည့်နေ၍ ထိုင်ခုံမှ ထွက်လာခဲနေသည့် လွင်ပြင့်ကို ခေါ်လိုက်သည့် အရိပ်၏ အသံအဆုံး လွင်ပြင့်မျက်စောင်းက ဒိုင်းခနဲ...
" ဟေ့လူ အခု ဘယ်သူ့ကိုခေါ်နေတာလဲ "
" ဒီအတန်းထဲ မထသေးတာ မင်းပဲရှိတာလေ မင်းလို သေးတာကရော ဘယ်သူရှိသေးလို့လဲ ပိစိရဲ့ "
VOUS LISEZ
Cupid's Compass (Completed )
Roman d'amourCover- edited from Google Start Date - 22.2.22 End Date- 31.12.22 အချစ်ပါ... ဖို, မပဲဆိုငင်ပြီး ဖို, ဖိုချင်း မ,မချင်း တွန်းကန်ရအောင် သံလိုက်မဟုတ်ဘူး ရူပဗေဒ သဘောတရားတွေနဲ့ ကန့်သတ်နေရအောင် Loveက magnetမှမဟုတ်တာ အချစ်လား ရေလို ထည့်တဲ့ပုံစံခွက်အတိုင်း...
