အပိုင်း -၂၀

3.6K 199 10
                                    

ကျောင်းဖွင့်ရက်နီးပြီမို့ သားကြီးတို့တက်နေသည့် ကိုယ်ပိုင်ကျောင်းက ပိတ်ရက်မပေးတော့ပဲ သင်ကြားနေတာကြောင့် မိုးတိမ်တစ်ယောက် သားကြိုက်တတ်သည့်ဟင်းအချို့ထည့်ကာ သား၏ ကျန်းမာရေးအခြေအနေနှင့် အခြားလိုအပ်တာကိုမေးရင်း ရောက်လာခဲ့ခြင်းဖြစ်သည်။

ပိတ်ရက်မရတော့ပေမဲ့ သားက ထွေထွေထူးထူး ခံစားနေပုံမရပါ။

သူငယ်ချင်းများနှင့် ရယ်ရယ်မောမော ပျော်နေပုံကြောင့် အတော်လေးစိတ်အေးသွားရပါ၏။

စတီးချိုင့်လေးကို လက်မှာဆွဲရင်း မိမိတို့ကိုနှုတ်ဆက်ကာ အဆောင်ထဲပြန်ဝင်သွားသည့် သားကြီးကိုခေါင်းတညိတ်ညိတ်ဖြင့်ကြည့်ကာ ပြုံးနေမိရင်း သက်ပြင်းလေးတစ်ချက်ကိုသာ ချလိုက်မိသည်။

အင်းလေ...
သားကြီးက သူငယ်ချင်းတွေ ရှိနေတာပဲ မဟုတ်လား...

ပိတ်ရက်မှာ သားကြီး ပြန်မလာရတာကြောင့် မိမိတို့ကသာ လွမ်းနေပေမဲ့ သားကတော့ကျောင်းစာတစ်ဖက်အပြင် သူငယ်ချင်းတွေနဲ့မို့ ဘယ်မှာသတိရနေချိန်ရှိပါ့မလဲလေ....

ဒီအရွယ်ဆိုတာက သူငယ်ချင်းအပေါင်းအသင်းခင်တတ်ကြတာပါပဲ။

တော်သေးသည်က သားကြီးပေါင်းနေသည့်သူငယ်ချင်းတွေက ယဉ်ကျေးကာ စိတ်ထားကောင်းမည့်ပုံတွေမို့ သူ(မ) အတော်လေးစိတ်အေးရပါ၏။

သားကြီး ငယ်ငယ်ကတည်းကပေါင်းလာသည့် မှန်သားကြေးမုံကလည်း အေးဆေးကာ သူ့မိဘများနှင့်လည်း မိုးတိမ်တို့က မိတ်ရင်းဆွေရင်းများပင်။

အခုအသစ်နှစ်ယောက်ကို အကဲခတ်မိသလောက်လည်း အေးဆေးရိုးသားပြီး စာရိတ္တကောင်းမည့်ပုံပေါ်ကာ တစ်ယောက်မှ ဟော့ဟော့ရမ်းရမ်းပုံစံ မပါသည်မို့ မိုးတိမ်ပြာပြာတစ်ယောက် ကျေနပ်သွားမိ၏။

ထူးဆန်းသည်က အေးအရိပ်ဆိုသည့်ကလေးအား မိုးတိမ်စိတ်ထဲ မြင်ဖူးသယောင်ခံစားမိသည်။

မိုးတိမ်အသိတစ်ယောက်ယောက်၏သားပဲ ဖြစ်ရမည်ဟုတွေးမိသော်လည်း မည်သူ့သားဟု စဉ်းစား၍မရ။

ရှိစေတော့...
မိုးတိမ်အပေါင်းအသင်းအားလုံးသည်လည်း သူ့နည်းသူ့ဟန်ဖြင့် ငွေကြေးပြည့်စုံကြသူများသာဖြစ်သည်။

Cupid's Compass (Completed )Où les histoires vivent. Découvrez maintenant