ကထိန်ပွဲနေ့...
မနက်4နာရီကတည်းကပင် sound boxမှ မြူးကြွကြွတေးသံများက လူရည်ချွန်ကိုယ်ပိုင်ကျောင်းဝန်းအတွင်း ခပ်ကျယ်ကျယ်လေး ပျံ့လွင့်နေလေ၏။
ဘုံကထိန်အတွက် အလှဆင်ထားသည့် စေတီပုံ ငွေသားပဒေသာပင်ကြီးမှာ ဟည်းထနေသကဲ့သို့ လျက်ဆား၊ ဆပ်ပြာမှအစ သင်္ကန်းအထိ ပစ္စည်းအစုံအလင်ဖြင့် အသုံးအဆောင် ပဒေသာပင်ကြီးမှာလည်း ညွတ်ကျနေတော့သည်သာ...
ဤပဒေသာပင်ကြီးကား ယမန်နေ့ကတည်းက ပြင်ဆင်ထားခဲ့ကြခြင်းပင်။
မနက်လေးနာရီ အရုဏ်မတက်မီကတည်းကပင် အဖြူအနီဝတ် ကျောင်းသားကျောင်းသူများမှာလည်း ကျောင်းဝန်းထဲ၌ ဟိုမှသည်မှ ကူးတုံ့သွားလာရင်း ယောက်ယက်ခတ်နေကြလေပြီ။
အိုးစည်ဒိုးပတ်ဝိုင်းကလည်း နေမထွက်မီ ရောင်နီအလင်းအောက်တွင် ဗေဗေညံစီကာ လက်စွမ်းပြရင်းတီးခတ်ကာ သွေးကြွနေကြလျှက်...
ဒိုးပတ်လင်းကွင်းသံမြိုင်စည်နေသော ထိုဝိုင်းတွင်ကား ပုသိမ်ထီးအနီ တစ်လက်ကိုဆွဲကာ ပုဆိုးနီနီ၏ခါးပုံစကို မြောက်ကာမြောက်ကာဖြင့် ဖင်တကြွကြွဖြစ်နေသည့် ရာရာ...
ရာရာက မျက်ခုံးဆွဲတံအနက်ရောင်ဖြင့် ခြယ်သထားသည့် မျက်ခုံးထူထူထဲထဲကိုသာမက တွန့်ကွေးကွေးနှုတ်ခမ်းမွေးတို့ကိုပါ စုကျုံ့တွန့်ချိုးထားပါလေ၏။
အများအားဖြင့် ဦးရွှေရိုးကို တိုက်ပုံအနက်သာ အဆင်များကြသော်လည်း ရာရာတို့ရိုးရာအရ အနက်ရောင်မဝတ်ရသည်ကတစ်ကြောင်း လူငယ်ဖြစ်နေသည်က တစ်ကြောင်းကြောင့် ဝတ်ခွင့်ရခဲ့သည့် နီညိုရင့်ရောင်တိုက်ပုံကို ဟိုဆွဲသည်ဆွဲကာ စိတ်၏မငြိမ်သက်မှုကို ဖော်ပြနေမိပြန်ပါသည်။
သူ၏မျက်လုံးအစုံတို့က ကျောင်းအုပ်ဆရာမကြီး၏ ရုံးခန်းဆီ တိုက်ရိုတ်တည့်တည့်ကြီးကြည့်နေသလို လည်တံတို့ကလည်း တဆန့်ဆန့်ဖြင့် မျှော်တော်ယောင်ဦးရွှေရိုးဖြစ်နေတော့သည်။
မဖြစ်ဘဲနေနိုင်ရိုးပေလား...
သူ၏ မှန်လေးတဖြစ်လဲ ဒေါ်မိုးမှာ ထိုအခန်းထဲတွင် မဟုတ်ပါလား...
YOU ARE READING
Cupid's Compass (Completed )
RomanceCover- edited from Google Start Date - 22.2.22 End Date- 31.12.22 အချစ်ပါ... ဖို, မပဲဆိုငင်ပြီး ဖို, ဖိုချင်း မ,မချင်း တွန်းကန်ရအောင် သံလိုက်မဟုတ်ဘူး ရူပဗေဒ သဘောတရားတွေနဲ့ ကန့်သတ်နေရအောင် Loveက magnetမှမဟုတ်တာ အချစ်လား ရေလို ထည့်တဲ့ပုံစံခွက်အတိုင်း...