စာသင်ခန်းဆီမှ ပင်မအိမ်ခေါ် အိပ်ဆောင်ဆီ ခပ်ဖြေးဖြေးလျှောက်လာသည့် အရိပ်မျက်နှာတွင်တော့ အံ့ဩရိပ်များပြည့်နေပြီး မျက်လုံးများကလည်း စူးစမ်းလိုစိတ်များ ဖိတ်လျံလျှက်။
မကြာပါ..
ဒယ်ဒီစောင့်နေသည့် ဧည့်ခန်းဆီရောက်လာရသည်။မာမီဆုံးကတည်းက ဖြစ်သလိုနေခဲ့ကာ မညှပ်ဘဲထားသည့် ဒယ်ဒီ့ဆံပင်များတောင် အတော်ရှည်နေပြီမို့ ဒီနေ့တော့ ဆံပင်ညှပ်ရန် သတိပေးမှဖြစ်မည်ဟု အရိပ်တွေးထားလိုက်မိ၏။
အေးချမ်းစွာပြုံးနေတတ်သည့် ဒယ်ဒီ့မျက်ဝန်းတို့က မှေးမှိန်နေကာ မှုန်မှိုင်းလွန်းနေသော်လည်း ဒယ်ဒီက အရင်အတိုင်း ခန့်ညားသည့် ညိုချောတစ်ဦး ဖြစ်နေဆဲ...
" ဒယ်ဒီ"
မတွေ့ရတာ ရက်ပိုင်းမျှရှိသေးပေမဲ့ အရိပ်က နှစ်၊ လကြာရှည်ခွဲခဲ့ရသူကို ပြန်တွေ့ရသည့်ပမာ ဝမ်းသာအားရ ပြေးဖက်လိုက်မိ၏။
တကယ်ဆို အရိပ်ငယ်ငယ်ကတည်းက ဒယ်ဒီတို့နှင့် ခုလိုခွဲမနေဖူးပါ...
မနေတတ်အောင် လွမ်းနေသော်လည်း ပညာရေးအတွက်မို့သာ ကြိတ်ခံနေရခြင်းပင်။
ဦးလွှမ်းစက်ရိပ်ခိုက အရိပ်ကို အလိုက်သင့်ပွေ့ပိုက်ကာ အရိပ်ဆံပင်လေးများကို ငြင်ငြင်သာသာ ဖွပေးလာရင်း
" အစစအရာရာ အဆင်ပြေရဲ့လား သားရိပ် "
" ဟုတ် ပြေတယ် ဒယ်ဒီကသာ ပိန်သွားသလိုပဲ "
" အင်း ဒယ်ဒီက ငါ့သားကိုလွမ်းလို့ ပိန်သွားတာပေါ့ကွ "
အရိပ်က အားရပါးရပြုံးလိုက်ကာ ဦးလွှမ်းစက်ရိပ်ခိုရင်ခွင်ထဲ ခေါင်းတိုးလိုက်ရင်းမှ
" သားလည်း လွမ်းတယ် "
" ဟားဟား ဟုတ်ပါပြီကွာ ဒါထက် ဒယ်ဒီမှာပေးထားခဲ့တဲ့ ထမင်းဆိုင်က အစားအသောက်ရော ဘယ်လိုနေလဲ သား မစားနိုင်ရင် အိမ်က ကြီးကြီးညိုကိုပဲချက်ပြီး ပို့ခိုင်းပေးရမလား "
ESTÁS LEYENDO
Cupid's Compass (Completed )
RomanceCover- edited from Google Start Date - 22.2.22 End Date- 31.12.22 အချစ်ပါ... ဖို, မပဲဆိုငင်ပြီး ဖို, ဖိုချင်း မ,မချင်း တွန်းကန်ရအောင် သံလိုက်မဟုတ်ဘူး ရူပဗေဒ သဘောတရားတွေနဲ့ ကန့်သတ်နေရအောင် Loveက magnetမှမဟုတ်တာ အချစ်လား ရေလို ထည့်တဲ့ပုံစံခွက်အတိုင်း...