မှန်သားတို့ စာမေးပွဲဖြေပြီးနောက် သီတင်းကျွတ်ကျောင်းပိတ်ရက်သို့ရောက်လာခဲ့လေပြီ။ကနဦးက ငါးရက်ပိတ်ပေးမည်ဟုဆိုသော်လည်း ကျောင်းသားကျောင်းသူများ၏ အသနားခံတောင်းဆိုမှုကြောင့်လည်းကောင်း၊ ပထမနှစ်ဝက်စာမေးပွဲပြီးစဖြစ်၍ ကလေးများပင်ပန်းသည်ကိုသိရှိသောကြောင့်လည်း တစ်ပတ်တိတိပိတ်ပေးလိုက်သည်။
ယနေ့က သီတင်းကျွတ်လပြည့်ညဖြစ်သည်မို့ ညနေ နေမဝင်ခင်ကတည်းကပင် အိမ်တိုင်းအိမ်တိုင်းတွင် ဖယောင်းတိုင်မီးရောင်တို့ဖြင့် ထိန်လင်းနေ၏။
ဖယောင်းတိုင်မီးများအပြင် အချို့အိမ်များတွင်ကား အရောင်စုံအသွေးစုံ ဒီဇိုင်းစုံမီးပုံးများ ချိတ်ဆွဲကာ အလှဆင်ထားကြသေးသည်။
အိမ်တိုင်းသာမက တစ်လမ်းလုံး၊ တစ်မြို့လုံး၊ တစ်တိုင်းလုံး၊ တစ်နိုင်ငံလုံး ဆီမီးရောင်စုံသာသည့်ညဖြစ်နေလေတော့သည်။
မှန်သားပါပါးနှင့် မာမားတို့လည်း ကုမ္ပဏီပိတ်ပေးထားသည်မို့ အိမ်တွင်စုံစုံညီညီရှိနေကြ၏။
သို့သော် ထုံးစံအတိုင်း ချစ်ခင်ကြင်နာစွာ ပူးကပ်နေခြင်းမျိုးမဟုတ်။
ပါပါးက ဧည့်ခန်းတွင် စီးပွားရေးဂျာနယ်တစ်ခုကို ဖတ်နေသလို မာမားကလည်း အိပ်ခန်းထဲ၌ Television ကြည့်နေရင်း တသီးတခြားခွဲထွက်နေကြသည်သာ။
ဆေးရုံမှစောစောပြန်လာသည့် ဒေါ်လေးရောက်မှ လေးဦးသား စားပွဲခုံအပြည့် စားဖွယ်များတည်ခင်းထားသည့် အသံတိတ်ထမင်းဝိုင်းကို ငြိမ်သက်စွာဆင်နွှဲပြီးနောက် ကိုယ်စီကိုယ်င သီးသန့်နေရာယူရန် ပြင်နေကြချိန်...
" ဟို ခဏ..."
မှန်သားစကားကြောင့် ထမင်းဝိုင်းမှ ထရန်ပြင်နေသော ပါးပါးသာမက ရေတစ်ခွက်သောက်နေသော မာမားနှင့် ဟင်းပွဲများသိမ်းနေသည့် ဒေါ်လေးကပါ မှန်သားကို လှည့်ကြည့်လာကြသည်။
" ဟို အခုည သား ကန်တော့ချင်လို့ပါ "
"အင်း ကန်တော့တာပေါ့ ပါပါး ဧည့်ခန်းမှာစောင့်လိုက်မယ် "
ESTÁS LEYENDO
Cupid's Compass (Completed )
RomanceCover- edited from Google Start Date - 22.2.22 End Date- 31.12.22 အချစ်ပါ... ဖို, မပဲဆိုငင်ပြီး ဖို, ဖိုချင်း မ,မချင်း တွန်းကန်ရအောင် သံလိုက်မဟုတ်ဘူး ရူပဗေဒ သဘောတရားတွေနဲ့ ကန့်သတ်နေရအောင် Loveက magnetမှမဟုတ်တာ အချစ်လား ရေလို ထည့်တဲ့ပုံစံခွက်အတိုင်း...