အပိုင်း -၃၂

3.3K 175 6
                                        


မှန်သားအခန်းထဲရောက်သည်အထိ မှန်သားလက်ရှိအခြေအနေကို မယုံနိုင်ဖြစ်နေဆဲ။

သူက အခု ရည်းစားစကား အပြောခံလိုက်ရတာလား

ရာရာက ချစ်ပါသည်ဟု အတည်ပေါက်ကြီးပြောသွားသည်ကို သူ ယုံကြည်သင့်ပါရဲ့လား...

ထို့ထက် အရေးကြီးသည်က သူ့ဘက်ကရော ရာရာ့အပေါ် ခံစားချက်ရှှိနေသလား

အဓိကမှာ ရာရာသည် ယောကျ်ားလေး ဖြစ်ခြင်း မဖြစ်ခြင်းထက် မှန်သားကသာ မချစ်ရဲသေးသည်မို့...

အတွေးများစွာဖြင့် ခုတင်ကြီးပေါ်ဝယ် လူးလှိမ့်နေရင်း တဖြည်းဖြည်း အိပ်ပျော်ခြင်းဆီသို့...

" *Hi kitty I Love you*"

ခုတင်ဘေးမှ မီးအုပ်ဆောင်းစင်လေးပေါ်ရှိ ဖုန်းလေး၏ Message ringtoneသံကြောင့် မှန်သားကိုယ်လေး တစ်ချက်လှုပ်သွားရကာ စောင်ကိုခေါင်းအထိ ဆွဲခြုံပစ်လိုက်၏။

ဟင်း အလိုက်မသိတဲ့ operatorsတွေ

မှန်သား အိပ်ပျော်မနေပါ...
သို့သော်လည်း မျက်ဝန်းတို့ကိုမှိတ်ကာ ဆက်မှိန်းနေမိဆဲ...

သူ မထချင်သေးပါ
မည်သို့သော အနှောင့်အယှက်ကိုမှလည်း လက်မခံလိုသေး

ည 12မှအိပ်ကာ မနက်4နာရီထခဲ့ရသည့် လအချို့နှင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲဟူသော ခပ်ကြီးကြီးဖိအားများနှင့်ရက်အချို့က မနေ့ကပင် အဆုံးသတ်ခဲ့လေပြီ။

လေးလံသည့်ဝန်ထုတ်တို့ကို လွှတ်ချပစ်နိုင်ခဲ့ပြီးသည့်နောက် အခုလိုအချိန်သည် စည်းစိမ်အရှိဆုံးပင် မဟုတ်ပါလား

" *Hi kitty I Love you*"

ထပ်ထပ်ဝင်လာသည့် messageသံတို့ကိုကြားသော်လည်း ခုတင်ပေါ်မှစောင်ခြုံထားသည့်နိုးနေသော ဖုန်းပိုင်ရှင်ကား လျစ်လျူရှုထားဆဲ...

အင့် အင်း......

အချိန်အတော်ကြာမှ အိပ်ရာထဲစည်းစိမ်ယူနေသည့် မှန်သားထလာကာ စားပွဲတင်နာရီလေးကို ကြည့်လိုက်တော့ 10နာရီပင် ရှိနေလေပြီ။

မျက်နှာသစ်ရင်း တစ်ခါတည်းရေပါချိုးပစ်ပြီးမှ ဖုန်းလေးကိုဆွဲကာ ထမင်းစားခန်းဆီ ဝင်လာခဲ့၏။

Cupid's Compass (Completed )Wo Geschichten leben. Entdecke jetzt