ဟင် ရာရာ ရာရာက အဲ့ဒီမှာလား
ဖုန်းကိုကိုင်ရင်း မှန်သားတစ်ယောက် ကြောင်တောင်လေးကြည့်နေမိ၏။
ဖုန်းထဲမှ အော်ဟစ်သံများ၊ ပစ္စည်းများ မီးလောင်မြိုက်သံ တဖုန်းဖုန်းက ကျယ်လောင်စွာကြားနေရဆဲ...
တလူလူတက်နေသည့်မီးလျံများကိုကြည့်ရင်း အသက်ရှူမဝဖြစ်လာရသည်။
မဟုတ်သေးဘူး
ဒီလိုမဖြစ်ဘူးမှန်သား အဆောင်အပြင်ဘက်ဆီပြေးထွက်သည်။
စိတ်ဇောကပ်နေ၍ သူ့ခြေထောက်ဝယ် ဖိနပ်မပါ...အဆောင်နှင့် ဆေးရုံအပြင်ဘက်လမ်းတစ်လျှောက် ကျောက်စရစ်ခဲများက ယခင်ကမသိသာသော်လည်း ဖိနပ်မပါသည့်အခါ နာကျင်မှုက သိသိသာသာ...
အရှိန်ဖြင့်ပြေးနင်းသည့်အခါ အချို့ကျောက်စရစ်စတို့က ခြေဖဝါးထံစိုက်ဝင်နေ၏။
ပွန်းရာပဲ့ရာများအပြင် နစ်ဝင်သွားသည့်ကျောက်စရစ်အချို့ကြောင့် ခြေဖဝါးတို့မှ သွေးများပင်ထွက်လာကာ မှန်သားခြေချခဲ့သည့်နေရာအချို့၌ ခြေဖဝါးရာသွေးကွက်အချို့ပင် စွန်းထင်းသွားလေသည်။
သို့သော် ပြေးနေသူကမူ ခြေဖဝါးမှဒဏ်ရာကို ဂရုမစိုက်သည့်အလား၊ သို့မဟုတ် သိပင်သိဟန်မတူဘဲ ကျောင်းရှေ့သို့ရောက်ရန်သာ တာဆူနေ၏။
သူ့စိတ်ထဲတွင် တစ်ခုသာရှိသည်။
ရာရာဘေးကင်းသလား အတည်ပြုရမည်။
လက်တလော မှန်သားအသိစိတ်က ဒါပဲဖြစ်သည်။ခြေထောက်အနာထက် ရာရာ မီးလောင်သည့်ကုန်တိုက်ထဲမှာဆိုသည့်အတွေးက သူ့ကိုပို၍ခြောက်လန့်နေ၏။
ရာရာ...ရာရာ တစ်ခုခုဖြစ်နေသလား...
မကြာသေးခင်ကမှ သူ့ဘဝထဲမှ ပါပါးထွက်သွားခဲ့ပြီးပြီဒီတစ်ခါ ရာရာပါထွက်သွားရင်...
မှန်သား ခေါင်းကိုသာဘယ်ညာ ခါယမ်းပစ်လိုက်၏။
သူဆက်မတွေးရဲတော့...ကျောင်းရှေ့မှ ကြုံရာကားကိုတားကာ ထိုနေရာဆီ မှန်သား ရောက်အောင်သွားကြည့်ရမည်။
မိန်းကလေးအဆောင်ဘက်မှ ဆေးကျောင်းရှေ့ဘက်ဆီ လာနေသည့် နံ့သာ၏မြင်ကွင်းထဲ မာရသွန်ပြေးပွဲအလား တစ်ယောက်တည်းပြေးလာနေသူကြောင့် မျက်မှောင်ကျုံ့သွားရ၏။
YOU ARE READING
Cupid's Compass (Completed )
RomanceCover- edited from Google Start Date - 22.2.22 End Date- 31.12.22 အချစ်ပါ... ဖို, မပဲဆိုငင်ပြီး ဖို, ဖိုချင်း မ,မချင်း တွန်းကန်ရအောင် သံလိုက်မဟုတ်ဘူး ရူပဗေဒ သဘောတရားတွေနဲ့ ကန့်သတ်နေရအောင် Loveက magnetမှမဟုတ်တာ အချစ်လား ရေလို ထည့်တဲ့ပုံစံခွက်အတိုင်း...