မှန်သား ကျောင်းထဲရောက်သည်နှင့် တစ်စုံတစ်ယောက်ကို မသိမသာ ရှာကြည့်နေမိသည်။မုန့်ဆိုင်တန်းဆီ သွားသည့်လမ်းမှာလည်း သူ ရှိမနေသလို အအေးဝယ်သောက်နေကျ ဆိုင်ဘက်မှာလည်း သူ့ကို မမြင်ရပါ...
အချိုရည်အတူတူသောက်ဖြစ်သည့် ခရေပင်ကြီးအောက်တွင်လညိး အခြား ကောင်လေးအဖွဲ့ကိုသာ မြင်နေရသည်။
ရာရာကိုမူ အရိပ်အယောင်လေးမျှပင် မတွေ့ရသေး...
သူမလာသေးတာများလား...?
လက်ထဲမ၌သာ bio စာအုပ်ကြီးကိုင်ထားသော်လည်း မှန်သား၏ စိတ်အာရုံတို့က စာအုပ်ထဲတွင် လုံးဝ
ရှိမနေ။ကားသံတစ်ခါကြားတိုင်း ယောင်ယမ်းပြီး ကျောင်းပေါက်ဝဆီ တစ်ခါလှမ်းကြည့်နေမိ၏။
လက်ထဲတွင်လည်း ဒေါ်လေးပေးထားသည့် မုန့်ဖိုး တစ်ထောင်တန်လေးတစ်ရွက်ကို ဆုပ်ကိုင်ထားမိလျှက်သား...
အခြားကားများက တစ်စီးပြီးတစ်စီး အဆက်မပြတ်ဝင်လာနေသည့်တိုင် မှန်သား စောင့်နေသည့်ကား မဟုတ်။
ကားနက် တစ်စီးဝင်လာတိုင်း ရာရာတို့ကားများဖြစ်နေမလားဟု သေချာကြည့်မိသည်မှာအမောပင်...
မှန်သားက လူတစ်မျိုးဖြစ်သည်။
မရင်းနှီးသေးသည့် အချိန်တွင် စတင်ကာ မိတ်ဆက်စကား မပြောတတ်၍ မာနကြီးသယောင် ထင်ရသော်လည်း ခင်မင်မိသွားပါက နားမထောင်ချင်မှ အဆုံး စကားများတတ်သူ...တစ်ယောက်တည်း ဘာသိဘာသာနေတတ်သော်လည်း ခင်မင်မိသူများကိုမူ အသေးစိတ်မှအစ သတိထားမိတတ်သေး၏။
" သာသား ဘယ်သူ့ကို မျှော်နေတာလဲ ဘာလဲ
ဟိုကလေး မလာသေးလို့လား "ကျောင်းပေါက်ဝကိုသာ ငေးကြည့်နေမိသည့်
မှန်သား၏ပုံစံက တအားသိသာသွားလား မသိပါ။ဒေါ်လေးမြတ်ကပင် မေးယူရသည်အထိ...
မှန်သားလည်း မညာချင်သည်မို့ ခေါင်းလေးတစ်ချက်သာ ညိတ်ပြလိုက်မိ၏။
မကြာခင် အချိန်အတွင်း စာမေးပွဲခန်းထဲပင် ဝင်ရတော့မည်...
ရာရာက အခုထိမလာသေးပါ...
ESTÁS LEYENDO
Cupid's Compass (Completed )
RomanceCover- edited from Google Start Date - 22.2.22 End Date- 31.12.22 အချစ်ပါ... ဖို, မပဲဆိုငင်ပြီး ဖို, ဖိုချင်း မ,မချင်း တွန်းကန်ရအောင် သံလိုက်မဟုတ်ဘူး ရူပဗေဒ သဘောတရားတွေနဲ့ ကန့်သတ်နေရအောင် Loveက magnetမှမဟုတ်တာ အချစ်လား ရေလို ထည့်တဲ့ပုံစံခွက်အတိုင်း...