အပိုင်း-၃၄

2.7K 163 8
                                    


ပဲခူး- ရန်ကုန်ကားလမ်းမကြီးတစ်လျှောက် Bugatti Chironကားအဖြူလေးတစ်စီးက အရှိန် ခပ်မှန်မှန်ဖြင့် ပြေးလွှားနေသည်။

ကားအတွင်းမှာတော့ FMသီချင်းသံအစား စကားသံတို့သာ ပျံ့လွင့်လျှက်။

" သားသား စာကြိုးစားနော် ဘာသံညာသံလည်း မကြားချင်ဘူး စိတ်ချချင်တယ် သိလား "

" ဟုတ် ဒေါ်လေးမြတ် "

" ကျောင်းစာကိုသာ အာရုံစိုက်ထား မသိတာ မတတ်တာမရှိအောင်လေ့လာထားနော် သားသား လူတွေအသက်က ကိုယ့်လက်ထဲရောက်မှာ မမေ့နဲ့ "

" ဟုတ် "

ဒေါ်လေးမြတ်ပြီးတော့ ကားနောက်ခန်းမှာထိုင်နေသည့် မာမားကပါ တစ်စခန်းထလာပြန်၏။

" ကျန်းမာရေးလည်း ဂရုစိုက်နော် တွေ့ကရာတွေ ဝယ်မစားနဲ့ ရေလည်းအကြာကြီးမချိုးနဲ့ နာဖျားနေရင် ခက်မယ် ကိုယ့်အိမ်ကိုယ့်ရာ မဟုတ်ဘူး"

" မာမားရယ် သားက ဆေးကျောင်းသားပါ ဘယ့်နှယ်တွေ မှာနေတာလဲ "

မာမားကို သူ ရယ်ရယ်မောမော ပြန်နောက်လိုက်ချိန်
ထပ်မံကြားလိုက်ရသည့် ပါပါး၏ဆုံးမစကား...

" ဟေ့ ဟေ့ ဆေးကျောင်းသားမကလို့ ဆရာဝန်လည်း သွေးနဲ့သားနဲ့ကွ ဖျားတတ်နာတတ်တယ် လူကြီးတွေပြောနေရင် နားထောင်မှပေါ့ "

" ဟုတ် ပါပါး ဟုတ် "

"လိုအပ်တာမှန်သမျှ အိမ်ကိုသာဖုန်းဆက် ကျောင်းစာကိုလည်း မပေါ့နဲ့နော် စာအုပ်စာတမ်းဝယ်သင့်တာဝယ် ကျူရှင်ယူသင့်ယူ "

" ဟုတ် ပါပါး "

ရန်ကုန်မြို့ဆီ ကျောင်းသွားတက်ရမည်ဆိုကတည်းက ပါပါး၊ မာမားတို့အပြင် ဒေါ်လေးမြတ်ဆီကပါ မှာတမ်းခြွေစကားတို့ကို မပြတ်ကြားခဲ့ရပြီးဖြစ်သည်။

အမှန်ဆို ဒီစကားများကို ဒေါ်လေးမြတ်မှာနေသည်မှာလည်း အကြိမ်ရေထောင်ဂဏန်းဆီ ခိုက်လုလု။

အခုလည်း ပါပါးနှင့်မာမားက ကုမ္ပဏီအလုပ်ကိုပစ်ခဲ့သလို ဒေါ်လေးကလည်း ဆေးရုံကြီးကို လက်လွှဲခဲ့ကာ ဆေးကျောင်းအထိလိုက်ပို့ရင်း မရမက မှာတမ်းခြွေနေကြခြင်းပင်။

Cupid's Compass (Completed )Where stories live. Discover now