အပိုင်း -၆

7.9K 524 3
                                        

ညနေ နေဝင်ရီသရောအချိန်...
ဝင်လုဆဲနေမင်းကြီးသည် ပြာလဲ့လဲ့မိုးကောင်းကင်တွင် နီရောင်သန်းသည့် ဝါပြေပြေ ရောင်ခြည်တို့ကို ဖြန့်ကျက်ပေးနေ၏။

ကြည်လင်နေသောကောင်းကင်တွင် အညိုရောင်နှင့် လိမ္မော်ရောင် ယှက်သန်းနေသည့် တိမ်မျှင်အချို့ကလည်း ပန်းချီကျော်၏ စုတ်ချက်များအလား...

အိပ်တန်းပြန် ငှက်အချို့ကိုပင် တွေ့နေရပြီဖြစ်သော်လည်း လူများကတော့ မြို့ပေါ်လမ်းမကြီးတစ်လျှောက် ဥဒဟိုသွားလာနေကြဆဲ...

ခပ်ပြေပြေ လေညှင်းလေးဆော်သွေးနေသည့် ညနေချိန်သည် လှပခြင်းနှင့်အတူ အေးချမ်းခြင်းအသွင်ကို ဆောင်လျှက်။

အချိန်က နောက်ကျမနေသော်လည်း စောမနေပါ။
မကြာမီ မိုးချုပ်တော့မည်မို့ အရိပ် ဆိုင်ကယ်လေးကို အမြန်နှုန့်မြှင့်လိုက်မိသည်။

ထိုအချိန် ဆိုင်ကယ်မောင်းနှင်လာသည့် လမ်းမထက်ဆီသို့ လိမ့်ပြေးဝင်လာသော ဘောလုံးတစ်လုံး

တိုက်တိုက်ဆိုင်ဆိုင်ပင် အစင်းစင်းနှင့် ဘောလုံးလေးက ဆိုင်ကယ်ရှေ့ဆီ တလိမ့်လိမ့်နှင့် တန်းတန်းမတ်မတ်...

ဟာ...
အန္တရာယ်မှန်းသိ၍ အရိပ် ဆိုင်ကယ်ကို ကွေ့ချလိုက်သော်လည်း မမီတော့ပါချေ။

အရှိန်နှင့်ပြေးနေသောဆိုင်ကယ်ကလေးက အရှိန်သတ်၍မရလေတော့...

ဆိုင်ကယ်ရှေ့ဘီးလေးက ဘောလုံးနှင့်တိုက်မိပြီးနောက်...

ဝုန်း!

ဆိုင်ကယ်လဲကျသွားသလို အရိပ်လည်း မြေပြင်ပေါ်ပစ်ကျသွားရ၏။

အရှိန်သတ်လိုက်နိုင်သော်လည်း ဆိုင်ကယ်ပေါ်မှ ပစ်ကျသွားသည့်အရှိန်က မသေးလှ...

နာကျင်သွားသောခါးကြောင့် အချိန်အတော်ကြာအထိ လူက မြေပေါ်က မထနိုင်သေး...

" ရရဲ့လား "

အပြေးအလွှားရောက်လာသံနှင့်အတူ ကမ်းပေးလာသော လက်တစ်ဖက် ...

အတိအကျဆိုရပါမူ အချိုးတကျရှိနေသော လက်ဆစ်ကလေးများနှင့် ဖွဲ့စည်းထားပြီး သွယ်လျလျလက်ချောင်းလေးများတန်ဆာဆင်ထားသည့် သွယ်လျသောလက်တစ်ဖက်

Cupid's Compass (Completed )Nơi câu chuyện tồn tại. Hãy khám phá bây giờ