ရာရာ အောက်ထပ်ဆီ ဆင်းကြည့်သည့်အခါတွင်လည်း မှန်လေးကိုမတွေ့။
ဘယ်ဘက်ကိုကြည့်ကြည့် ရှိနေသည်က စာကျက်နေကြသောဆယ်တန်းများသာ...
အမှန်ဆို အောက်ထပ်က ကိုးတန်းတက်မည့် ကလေးများအတွက်ဖြစ်သော်လည်း ကျောင်းအပ်လက်ခံ မထားရတာမို့ ဆယ်တန်းများသာ နေရာအပြည့်ရှိနေခြင်းပင်...
ယခင် ဆယ်တန်းများ စာမေးပွဲဖြေပြီးမှ ကိုးတန်းများ ကျောင်းအပ်လက်ခံမည်ဖြစ်သည်။
အပေါ်ထပ်ရော အောက်ထပ်မှာပါ မှန်လေး၏ အရိပ်အယောင်ကိုပင် မတွေ့ရ...
တွေ့သမျှလူတိုင်းကို မေးကြည့်မိသည့်အခါတွင်လည်း မမြင်မိဘူးသာ ဘူးတစ်လုံးဆောင်လျှက်...
အပေါ်ထပ်ပြေးလိုက် အောက်ထပ်ပြန်ဆင်းလိုက်နှင့် ဂနာမငြိမ်ဖြစ်နေရသူက ရာရာ
မည်သည့်နေရာတွင်မှ ရှာမတွေ့သောအခါ မှန်လေးအတွက် အတော်လေး စိုးရိမ်သွားမိသည်။
ကပေါက်တိကပေါက်ချာ အတွေးတို့ကလည်း ရာရာ့ခေါင်းထဲ ကြီးစိုးလာ၏။
မှန်လေး ဘယ်ရောက်နေပါလိမ့်
မဟုတ်မှလွဲရော ...နတ်ဖွတ်ထားတာများလား?ခြံတံခါးက သော့ခတ်ထားလို့ လူဖမ်းခံရတာတော့ မဖြစ်နိုင်ပါဘူးနော်...
ဆရာမကြီးကို ပြောလိုက်ရင်ကောင်းမလား...
" ညီလေးက ဒီမှာဘာလုပ်နေတာလဲ "
မနီးမဝေးရှိ ရေချိုးဆောင်မှ ရေသံတဖြန်းဖြန်းသံ
နှင့်အတူ ကြားလိုက်ရသော အသံတစ်စွန်းတစ်စ...စာမေးပွဲနီးပြီမို့ အပီအပြင်ကြိုးစားနေရသည့် ဆယ်တန်းစီနီယာများ ပင်ပန်းပြီး အိပ်ငိုက်နေကြ၍ မျက်နှာ သစ်ကြနေကြသည် ထင်ပါရဲ့..
ထိုအခိုက် ပီပီသသ ကြားလိုက်ရသော ခပ်တိုးတိုးအသံလေးတစ်ခု
" မှန်သား စာကျက်နေတာပါ အစ်ကို"
ကြားရသည့်အသံလေးက ချိုအီနေတာမျိုးမဟုတ်ဘဲ အေးအေးနှင့် ကြည်လင်နေတာမျိုး...
မှန်သားအမည်အပြင် ကြည်လင်နေသော အမှတ်မမှားနိုင်သည့် အသံရှင်ကြောင့် ရာရာ့ခြေလှမ်းတို့က ရေချိုးဆောင်ဆီ ဦးတည်လိုက်သည်။
YOU ARE READING
Cupid's Compass (Completed )
RomanceCover- edited from Google Start Date - 22.2.22 End Date- 31.12.22 အချစ်ပါ... ဖို, မပဲဆိုငင်ပြီး ဖို, ဖိုချင်း မ,မချင်း တွန်းကန်ရအောင် သံလိုက်မဟုတ်ဘူး ရူပဗေဒ သဘောတရားတွေနဲ့ ကန့်သတ်နေရအောင် Loveက magnetမှမဟုတ်တာ အချစ်လား ရေလို ထည့်တဲ့ပုံစံခွက်အတိုင်း...