အခန်း (၁) အပိုင်း ၁
ရွှံအုပ်ချပ်တွေနဲ့ တည်ဆောက်ထားတဲ့ တစ်ထပ်အဆောက်အဦးလေးဖြစ်တယ် ။ ထိုအဆောက်အဦး တစ်ခုလုံးက တစ်ဖြောင့်တည်းပုံစံဖြစ်ပြီး သုံးပိုင်း ခွဲထားတယ် ။ အလယ်ပိုင်းကတော့ မကြာခဏ စုဝေးလေ့ရှိတဲ့ ခန်းမဆောင်နှင့် ညစာစားခန်း ဖြစ်ပြီး အစွန်းနှစ်ဘက်လုံးကတော့ အိပ်ခန်းတွေဖြစ်တယ် ။
ယွီချိုင်လင်က အရှေ့ဘက်အခြမ်းမှာ နေတယ် ။ ဧည့်ခန်းက အရမ်း ရိုးရှင်းပြီး နံရံတွေကိုသန့်ရှင်းချောမွတ်နေတဲ့ ရွှံမှုန့်များဖြင့်လုပ်ထားတယ်။ မြေကြီးပေါ်မှာတော့ ရွှံစေးနှင့်လုပ်ထားပုံရတဲ့ စတုရန်းပုံ မီးဖိုကြီးတစ်ခု ဆောက်ထားတယ်။ အမြဲတမ်းတည်ငြိမ်လေ့ရှိတဲ့ ယွီချိုင်လင် ဟာလန့်ပြီးမေ့လဲတော့ မလိုပင်။
အိမ်ထဲမှာ အိပ်ယာခင်း တွေ ၊ စားပွဲနဲ့ အသုံးအဆောင်ပစ္စည်း တွေလည်း မရှိဘူး ။ အိမ်အတွင်းဘက်ခြမ်း မြေကြီးပေါ်မှာ အရောင်တင်ထားတဲ့သစ်သားနဲ့ ဆောက်ထားတဲ့ သစ်သားပြားကြမ်းခင်းပါးလေး ပဲ ရှိပြီး တစ်အိမ်လုံး ရဲ့ သုံးပုံ တစ်ပုံ ကိုနေရာယူထားတယ် ။
ထိပ်ပိုင်းမှာရှိတဲ့ ဂွမ်းကပ်ပါးလေးက အိပ်ရာ ၊ ဘေးမှာရှိတဲ့ ချည်ခင်းလေးတွေက ထိုင်စရာနဲ့ အခြားလေးထောင့်စားပွဲလေးတစ်ခု က စားစရာတင်ဖို့ သုံးတယ်လို့ ယူဆလို့ရတယ်။ ယွီချိုင်လင်ဟာ ရှေးခေတ်ဂျပန် ရုပ်ရှင်အချို့ကို ကြည့်ဖူးပြီး ဒီဟာက ရှေးဂျပန်လူရိုင်း တွေရဲ့ အတွင်းပိုင်းတည်ဆောက်ပုံ နဲ့တူတယ်လို့ ခံစားရတယ် ။
လွန်ခဲ့တဲ့ ၁၀ ရက် သူမ ပထမဆုံးအကြိမ် နိုးလာတုန်းက ကွဲလောက်အောင်ခေါင်းကိုက်တဲ့ အပြင် တွေးကြောက်ပြီးထပ်မေ့ သွားတော့တယ် ။ သူမဟာ နောက်တစ်ခေါက်သာ သေလိုက်ချင်တော့တယ် ။
တကယ်တော့ မိုင်ထောင်ပေါင်းများစွာေ၀းကွာပြီး ဒေသယိယ စကားမတူတဲ့ ကျန်းနမ်မှာရှိတဲ့ သူမ ရဲ့ မွေးရပ်မြေမြို့လေးဟာ တောင်တွေ ချိုင့်ဝှမ်းတွေနဲ့၀န်းရံ နေတယ်။ သူမဟာ တောင်တွေနဲ့ မြစ်တွေကိုဖြတ်လာတဲ့ ဂျပန် ၂ယောက် ကိုတွေ့ဖူးတယ် ။ အဲဒါတောင် အပြင်မြို့ကြီးမှာ အလုပ်လုပ်တဲ့ လူငယ်လေးအိမ်ပြန်လာပြီး ပြောတဲ့အခါမှ အဲလို၀တ်စားထားတာ ဂျပန် မှန်းသိတာ ဖြစ်တယ်။
YOU ARE READING
love like the galaxy { myanmar translation } (Unicode & Zawgyi
Romancecredit to original owner Guan Xin Ze Luan