အခန်း 8-2

247 32 1
                                    

အခန်း (၈) အပိုင်း ၂

သခင်မကယ်က မျက်လုံးများကို စောင်းကြည့်လိုက်ပြီး ပေါ့ပေါ့ပါးပါးရယ်ကာ ပြောလိုက်တယ်။

''ဦးလေး.. ဘယ်လိုလုပ်ပြီး ကြောက်နေတဲ့ပုံ ပေါ်တာလဲ…?´´

''ကိုယ့်အိမ်က တူအရင်းကြီးပဲ။ ဒီလောက်ကြောက်နေတယ် !!´´

သခင်မရှောင်းက သူမကို တစ်ချက်ကြည့်လိုက်ပြီး ဖြေးဖြေးပြောလိုက်တယ်။

''မြောက်ပိုင်း အကျဥ်းထောင်ကလည်း အရမ်းကို ဂရုမစိုက်တာပဲ´´

''လူကြီးမင်းရဲ့ အပြစ်ဒဏ်ပေးတာ နောက်ဆုတ်ဖို့ တောင်းဆိုချက်ကို လက်ခံပေးပေမဲ့ ဦးလေးရဲ့ မျက်စိရှေ့မှာပဲ အခြားအပြစ်အတူတူ ကျုးလွန်တဲ့သူ အချို့ကို အရှင်လတ်လတ် တုတ်နဲ့ ရိုက်သတ်လိုက်တယ်´´

''ဦးလေးက လန့်သွားတာ ဖြစ်နိုင်တယ်´´

ဒီစကား ထွက်လာတာနဲ့ တုံဦးလေးက သေရည်ခွက်ကိုတောင် မြဲအောင် မကိုင်နိုင်တော့ဘူး။ တကယ်တော့ ချန်ရှီက သူ့ကို သွားထုတ်ပေးချိန်မှာ အထူးတောင်းဆိုပြီး သူ့ကို အမျိုးမျိုးသော နှိပ်စက်ခန်းအချို့ရှေ့ကနေ ဖြတ်လာခိုင်းတယ်။ ဦးလေးတုံရဲ့ ခြေထောက်တွေဟာ ပျော့ခွေကုန်ပြီး အပြင်ကို ထွက်မလာနိုင်တော့မလို့ပဲ။
သခင်မကယ်ကလည်း ဒီစကားကို ဘယ်လိုပြန်ပြောရမလဲ မသိတော့ဘူး။ တုံလုက အမြန်ဝင်ပြောလိုက်တယ်။

''ဒါက စစ်သူကြီးရဲ့ ကျေးဇူးကြောင့်ပါပဲ´´

''မဟုတ်ရင် ကျွင်းကျို့က အပြစ်ဒဏ် ဘယ်လောက်တောင် ခံရမလဲ မသိဘူး´´

တစ်ဖက်က ပြောနေရင်း တစ်ဖက်က မျက်နှာချင်းဆိုင်က ယောကျာ်းကို တစ်ချက်ကြည့်လိုက်တယ်။ ဝမ်းကွဲညီတုံကလည်း အမြန်ထပြီး ချန်ရှီဘက်ကို သေရည်ခွက်မြှောက်ကာ ကျေးဇူးတင်လိုက်တယ်။

ဝမ်းကွဲညီတုံက ပြဇာတ်တွေထဲမှာ နာမည်ကျော်တဲ့ နာမည်မျိုးရှိတယ် တုံရုံး ။ သူကလည်း ပြဇာတ်တွေထဲမှာ မကြာခဏ တွေ့ရတဲ့ မျက်နှာချောချောလေး မွေးဖွားလာတယ်။ အကြည့်တွေက ရီဝေနေပြီး လူက အရက်အလွန်အကျွံ သောက်ပုံရတယ်။ ကျေးဇူးတင်ရင်း တစ်ဖက်ကလည်း သခင်မရှောင်းကို မျက်လုံးနှစ်လုံးနဲ့ တိတ်တိတ်လေး အထက်အောက်ကြည့်လိုက်တယ်။

love like the galaxy { myanmar translation }  (Unicode & ZawgyiWhere stories live. Discover now